မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားမည့် သီရိလင်္ကာလက်ရွေးစင်အသင်းတွင် အမာခံကစားသမားအချို့ ပါဝင်မလာခဲ့ကြောင်း သီရိလင်္ကာမီဒီယာများက ဖော်ပြခဲ့ကြသည်။
သတင်းများ၏ဖော်ပြမှုအရ သီရိလင်္ကာလက်ရွေးစင်အသင်း၏ နောက်တန်းနှင့် အလယ်တန်းအမာခံကစားသမားအချို့မှာ ဒဏ်ရာပြဿနာများကြောင့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲနှစ်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
သီရိလင်္ကာလက်ရွေးစင်အသင်းသည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန် အောက်တိုဘာ ၆ ရက်ကတည်းက ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း သိရသည်။
သီရိလင်္ကာလက်ရွေးစင်အသင်းတွင် ကစားသမား ၂၅ ဦးလိုက်ပါလာပြီး မွေးစားနိုင်ငံသား ခံယူထားသူများလည်း ပါဝင်လာကြောင်း သိရသည်။
သီရိလင်္ကာလက်ရွေးစင်အသင်းကို ကူဝိတ်နိုင်ငံသား အဗ္ဗဒူလာအယ်လ်မူတာရီက ယခုနှစ်သြဂုတ်လအတွင်းကမှ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေကြောင်း သိရသည်။
နည်းပြသစ် အဗ္ဗဒူလာသည် သီရိလင်္ကာလက်ရွေးစင်အသင်းကို ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ Play-off အဆင့်၌ ကမ္ဘောဒီးယားအသင်းကို ကျော်ဖြတ်ကာ တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် စွမ်းဆောင်ပေးထားသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် သီရိလင်္ကာလက်ရွေးစင်အသင်းသည် အောက်တိုဘာ ၁၀၊ ၁၃ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် သီရိလင်္ကာလက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲနှစ်ပွဲအတွက် ကွင်းဝင်ကြေးအဖြစ် အထူးတန်း ကျပ် (၅၀၀၀)၊ ရိုးရိုးတန်း ကျပ် (၂၀၀၀) သတ်မှတ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ယင်းခြေစမ်းပွဲနှစ်ပွဲကို ပြည်တွင်းရုပ်သံလိုင်းမှလည်း တိုက်ရိုက်ထုတ်လွှင့်ပြနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် သီရိလင်္ကာလက်ရွေးစင်အသင်းသည် ၂၀၀၈ နှင့် ၂၀၁၀ AFC Challenge Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး မြန်မာအသင်းက နှစ်ကြိမ်စလုံး အနိုင်ရရှိထားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၀၈ AFC Challenge Cup ပြိုင်ပွဲတွင် သီရိလင်္ကာလက်ရွေးစင်အသင်းကို(၃-၁) ဂိုး၊ ၂၀၁၀ AFC Challenge Cup ပြိုင်ပွဲတွင် သီရိလင်္ကာလက်ရွေးစင်အသင်းကို(၄-၀) ဂိုးတို့ဖြင့် အနိုင်ရရှိထားခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည် သီရိလင်္ကာလက်ရွေးစင်အသင်းနှင့် ကစားရမည့် ခြေစမ်းပွဲများအတွက် ပဏာမကစားသမား (၃၉)ဦးထဲမှ အပြီးသတ်ကစားသမား (၂၇)ဦး ရွေးချယ်ထားပြီး လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်နေလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
