တားမြစ်ဆေးပြစ်ဒဏ်လျှော့ပေါ့ပေးသဖြင့် လာမည့်နှစ် မတ်လအတွင်း ဘောလုံးပြန်ကစားခွင့်ရမည့် ပြင်သစ်ကွင်းလယ်လူ ပေါလ်ပေါ့ဘာသည် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်ဖျက်သိမ်း၍ အသင်းသစ်ရှာဖွေရန် စီစဉ်နေကြောင်း ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာနက ဖော်ပြသည်။
ပေါ့ဘာ (၃၁ နှစ်) ၏ မူလပွဲပယ်ပြစ်ဒဏ်မှာ လေးနှစ်ဖြစ်သော်လည်း အားကစားခုံရုံး(CAS) က ၁၈ လသို့ လျှော့ချပေးခဲ့ခြင်းဖြစ်ပြီး အယူခံဆုံးဖြတ်ချက်ကို အောက်တိုဘာ ၇ ရက်တွင် အတည်ပြုထုတ်ပြန်မည်ဖြစ်သည်။
၎င်းသည် ၂၀၂၃-၂၀၂၄ စီးရီးအေရာသီအဖွင့်ပွဲစဉ်ဖြစ်သည့် အူဒီးနီးစ်-ဂျူဗင်တပ်စ်ပွဲအပြီး ကျပန်းဆေးစစ်မှုပြုလုပ်ရာတွင် ဟော်မုန်းဓာတ် မြှင့်တင်ပေးသည့်ဆေး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှစ၍ ပွဲပယ်ခံထားရခြင်းဖြစ်သည်။
၎င်းအနေဖြင့် B Sample စစ်ဆေးမှုတွင်လည်း တားမြစ်ဆေးကျရှုံးကြောင်း အတည်ပြုခဲ့သဖြင့် အီတလီနိုင်ငံရှိ အမျိုးသားတားမြစ်ဆေးတိုက်ဖျက်ရေးခုံရုံး(NADO) က ယခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် လေးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ပေါ့ဘာက ယင်းပြစ်ဒဏ်ကို CAS ထံ အယူခံဝင်ရာ အောင်မြင်ခဲ့ခြင်းဖြစ်ပြီး ၁၈ လသို့ လျှော့ချပေးခဲ့သည်။
သို့ဖြစ်ရာ ၎င်းအနေဖြင့် ဇန်နဝါရီတွင် လေ့ကျင့်မှုအစီအစဉ်များ ပြန်လည်စတင်၍ မတ်လတွင် ဘောလုံးကစားခွင့်ရရှိမည်ဖြစ်သည်။
ပေါ့ဘာနှင့် ဂျူဗင်တပ်စ်အသင်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၆ ခုနှစ်အထိ ကျန်ရှိနေသော်လည်း လက်ကျန်စာချုပ်ကို ဖျက်သိမ်း၍ အသင်းသစ်ရှာဖွေရန် စီစဉ်နေခြင်း ဖြစ်ကြောင်း Daily Mail သတင်းဌာနက ဖော်ပြသည်။
အပြောင်းအရွှေ့ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကလည်း ပေါ့ဘာနှင့် ဂျူဗင်တပ်စ်အသင်းတို့ စာချုပ်ဖျက်သိမ်းခြင်းအတွက် သဘောတူညီမှုရရှိမည်ဟု မျှော်လင့်ရကြောင်း၊ CAS ၏ ဆုံးဖြတ်ချက်ထုတ်ပြန်ပြီးနောက် ဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ပြီး ပေါ့ဘာအနေဖြင့် အသစ်စတင်ခြင်းမှာ ၎င်းအတွက် အကောင်းဆုံးဖြစ်မည်ဟု ယူဆထားကြောင်း လူမှုမီဒီယာ X တွင် ရေးသားဖော်ပြထားသည်။
ဂျူဗင်တပ်စ်အသင်းနည်းပြ သီယာဂိုမော့တာကမူ အောက်တိုဘာ ၅ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပေါ့ဘာ၏ အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းမှုများအပေါ် '' ပေါလ်ပေါ့ဘာအပေါ် ဘာလုပ်ရမလဲဆိုတာကို အသင်းက ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော့်အတွက်တော့ ပေါ့ဘာဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက်ပါ။ သူက ပွဲမကစားရတာ အချိန်အတော်ကြာပါပြီ။ အခုလောလောဆယ် မနက်ဖြန်ကစားမယ့်ပွဲအတွက် ကျွန်တော်အာရုံစိုက်ထားပါတယ်။ ကျန်တဲ့ကိစ္စတွေက ကျွန်တော့်အတွက် သိပ်အရေးမကြီးပါဘူး'' ဟု ဖြေကြားသည်။
ပေါ့ဘာသည် ၂၀၂၂ ခုနှစ် နွေရာသီတွင် မန်ယူအသင်းနှင့်လမ်းခွဲ၍ အသင်းဟောင်း ဂျူဗင်တပ်စ်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သော်လည်း ဒဏ်ရာပြဿနာများကြောင့် ပြိုင်ပွဲစုံ ၁၂ ပွဲသာ ကစားခွင့်ရထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
