ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဌာန (National Cancer Institute -NCI)တွင် အောက်တိုဘာလ တတိယပတ်မှစတင်၍ ကနဦး ကင်ဆာလူနာ (၅၀) မှ (၁၀၀) အထိ ကုသပေးနိုင်တော့မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့်အတူ ယမန်နေ့ အောက်တိုဘာ(၆)ရက်က အမျိုးသားကင်ဆာရောဂါကုသရေးဌာန(ဒဂုံဆိပ်ကမ်း)သို့ သွားရောက်ခဲ့ပြီး ဌာနတွင် လက်ရှိ ဓာတ်ရောင်ခြည် ကုသစက်များနှင့်အတူ တွဲဖက်အသုံးပြုရမည့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှု အထောက်အကူပြုစက် (CT Simulator) တပ်ဆင်လျက်ရှိသည့် အခြေအနေများကို ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ CT Simulator သည် မကြာမီ ပြီးစီးမည်ဖြစ်၍ အောက်တိုဘာလ တတိယပတ်မှစကာ ကနဦး လက်တွေ့ သင်ကြားကုသမှု စတင်မည်ဖြစ်ကြောင်း၊ ယင်းနောက် လူနာသစ်များကို ကုသမှုပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိ တပ်ဆင်ပြီးဖြစ်သည့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသစက်သစ် Linear Accelerator ဖြင့် တစ်ရက်လျှင် ကင်ဆာလူနာ (၅၀) မှ (၁၀၀) အထိ ကုသပေးနိုင်မည်ဖြစ်ပြီး ထပ်မံ၍ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသစက်သစ် (၂)လုံး တပ်ဆင်ပြီးပါက ယခုနှစ် ဒီဇင်ဘာလမှစတင်၍ တစ်ရက်လျှင် စုစုပေါင်း လူနာ (၂၀၀) အထိ ဓာတ်ရောင်ခြည်ဖြင့် ကုသပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကင်ဆာရောဂါဝေဒနာရှင်လူနာများ ကုသမှုခံယူနိုင်ရန် L Shape (၈)ထပ် အဆောက်အအုံနှင့် အခြားအဆောက်အအုံများ ဆောက်လုပ်နေကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
