မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် သီရိလင်္ကာဘောလုံးအဖွဲ့ချုပ်(FFSL) ဥက္ကဋ္ဌ ဂျက်စ်ဝါအူမာတို့ တွေ့ဆုံ၍ နှစ်နိုင်ငံဘောလုံးကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် သီရိလင်္ကာဘောလုံးအဖွဲ့ချုပ်(FFSL) ဥက္ကဋ္ဌ ဂျက်စ်ဝါအူမာတို့ တွေ့ဆုံမှုတွင် နှစ်နိုင်ငံကြား အရေးကြီးသည့် ဘောလုံးကိစ္စရပ်များ၊ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်အတွေ့အ ကြုံနှင့် အကြံအညဏ်များဖလှယ်ခြင်း၊ အတူတကွလက်တွဲလုပ်ဆောင်သွားမည့် ဘောလုံးကိစ္စရပ်များ၊ အာရှဘောလုံးကိစ္စရပ်များ အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် သီရိလင်္ကာဘောလုံးအဖွဲ့ချုပ်(FFSL) ဥက္ကဋ္ဌ ဂျက်စ်ဝါအူမာတို့သည် လက်ရွေးစင်အသင်းဂျာစီများအား အပြန်အလှန် အမှတ်တရလဲလှယ်လက်ဆောင်ပေးခြင်း၊ နှစ်နိုင်ငံ ဘောလုံးဖွံ့ဖြိုးတိုက်ရေးကိစ္စရပ်များအတွက် ကတိကဝတ်ထားရှိခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က သီရိလင်္ကာဘောလုံးအဖွဲ့ချုပ်(FFSL) ဥက္ကဋ္ဌ ဂျက်စ်ဝါအူမာလက်ထက်တွင် သီရိလင်္ကာလက်ရွေးစင်အသင်းမှာ အံ့အားသင့်စရာကောင်းလောက်အောင် တိုးတက်လာသည့်အတွက်လည်း ချီးကျူးစကားပြောကြားခဲ့ကြောင်း သိရသည်။
သီရိလင်္ကာလက်ရွေးစင်အသင်းသည် ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ Play-off အဆင့်၌ ကမ္ဘောဒီးယားအသင်းကို ကျော်ဖြတ်နိုင်ခဲ့ပြီး တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိထားသည်။
သီရိလင်္ကာဘောလုံးအဖွဲ့ချုပ်(FFSL) ဥက္ကဋ္ဌ ဂျက်စ်ဝါအူမာသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာအတွင်းက ပြုလုပ်ခဲ့သည့် FFSL ရွေးကောက်ပွဲတွင် အနိုင်ရှိပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီအတွင်းက သီရိလင်္ကာဘောလုံးအဖွဲ့ချုပ်(FFSL) အပါအဝင် သီရိလင်္ကကာလက်ရွေးစင်အသင်းများနှင့် ကလပ်အသင်းများကို နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် သြဂုတ်ကမှ ရုပ်သိမ်းထားခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
