ရန်ကုန် – ပဲခူးရထားလမ်းပိုင်းတွင် စပိန်နိုင်ငံထုတ် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များအသုံးပြု၍ ပြေးဆွဲလျက်ရှိရာ စီးနင်းသူခရီးသည်ဦးရေ နေ့စဉ် ၇၀၀ ဝန်းကျင်ရှိကြောင်း မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)မှ သိရသည်။
အဆိုပါ ရထားတွဲဆိုင်းသစ်ပေါ်သို့ ခရီးသည်၏ တစ်ပိုင်တစ်နိုင်ပစ္စည်းများကိုသာ သယ်ဆောင်ခွင့်ပြုပြီး အနံ့ပြင်းသောအစားအသောက်၊ ဆေးလိပ်သောက်ခြင်း၊ကွမ်းစားခြင်းနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းတို့ကို ခွင့်မပြုထားကြောင်း သိရသည်။
” စီးတဲ့ခရီးသည်က တစ်နေ့ကို ၇၀၀ ဝန်းကျင်လောက်ရှိတယ်။ များလာတယ်။ မတ်တပ်ရပ်တွေကအစအပြည့်ပဲ။ ဘူတာရုံတွေက အဆင့်မြှင့်တင်တုန်းဆိုတော့ တချို့ဘူတာတွေကျတော့ အတက်အဆင်းနည်းနည်းခက်တယ်။ အဲဒါကြောင့် လှေကားလေးတွေလုပ်ပေးထားတာပါ”ဟု မီးရထားစက်ခေါင်းမောင်းနှင်သူတစ်ဦးကပြောသည်။
ရန်ကုန်-ပဲခူးလမ်းပိုင်းတွင် DEMU အမှတ် (၁၅) အဆန်၊ အမှတ် (၁၆) အစုန်အဖြစ် ရထားတွဲဆိုင်းသစ်များဖြင့် အောက်တိုဘာလ ၂ ရက်၊ ညနေပိုင်းမှ စတင်ပြေးဆွဲနေခြင်းဖြစ်သည်။
ရထားလက်မှတ်ခနှုန်းထားများမှာ ရန်ကုန်ဘူတာကြီးမှ ဒါးပိန်ဘူတာအထိ ၁,၃၀၀ ကျပ်၊ ဒါးပိန်ဘူတာကျော်ပါက ၂,၅၀၀ ကျပ် သတ်မှတ်ထားပြီး ကြားဘူတာ ၁၂ ဘူတာတွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။












-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
