ဟစ်ဇ်ဘိုလာတို့ပစ်လွှတ်လိုက်သော ဒုံးကျည်များသည် အစ္စရေးနိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော ဟိုင်ဖာမြို့ကို တနင်္လာနေ့အစောပိုင်းက ထိမှန်ခဲ့ပြီး အစ္စရေးစစ်တပ်က ယုံကြည်စိတ်ချရသည်ဆိုသော လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ရှောင်လွှဲနိုင်ခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် အစ္စရေးနိုင်ငံ မြောက်ပိုင်းရှိမြို့ကို ပထမဆုံး တိုက်ရိုက်တိုက်ခိုက်မှုလည်းဖြစ်သည်။
ဟိုင်ဖာမြို့တောင်ဘက် စစ်အခြေစိုက်စခန်းတစ်ခုကိုလည်း Fadi 1 ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာတို့က ဆိုသည်။
ဟိုင်ဖာနှင့် တိဘေးရီးယားတို့တွင် လူ ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြသည်။
ဟစ်ဇ်ဘိုလာဒုံးကျည်များကို မိမိတို့ဖက်မှ ကြားဖြတ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ပစ်မှတ်ဆီသို့မရောက်ပဲ ပျက်ကျသည့် ဒုံးကျည်များကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
ဟိုင်ဖာရှိ ရဲတပ်ဖွဲ့ အဆောက်အအုံများနှင့် အခြားအဆောက်အအုံ အများအပြား ပျက်စီးခဲ့ပြီး လူအနည်းငယ် ဒဏ်ရာရရှိခဲ့ကာ အနီးနားရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်ကို ပြန်လည်စစ်ဆေးနေဆဲဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
