မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ နာရေးသို့ မန္တလေးတိုင်းဝန်ကြီးချုပ် လာရောက်၊ ရုပ်အလောင်းကို တောင်အင်းမြောက်အင်းသုသာန်တွင် သဂြို င်္ဟ်မည်ဖြစ်ကြောင်း သိရသည်။
ဒေါက်တာဇော်မြင့်မောင်မှာ အောက်တိုဘာ ၇ ရက် နံနက် ၄ နာရီခန့်က မန္တလေးဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်၏ နာရေးသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ အစိုးရအဖွဲ့ဝင်များ အောက်တိုဘာ ၇ ရက်က လာရောက်ခဲ့ကြောင်း မိသားစုဝင်အချို့က ပြောကြားသည်။
NLD ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
ဒေါက်တာဇော်မြင့်မောင်သည် အဂတိမှုအပါအဝင် အမှုပေါင်း ၁ဝခုဖြင့် ထောင်ဒဏ်၂၉ နှစ်ကျခံလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၆-၁၀-၂၀၂၄ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၁၀၂(၁)/၈/ကောင်စီ (၂ဝ၂၄) ဖြင့် ပြစ်ဒဏ်များအပေါ် လျော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်းနေစဉ်ထဲက ကင်ဆာရောဂါအား ခံစားနေရသူဖြစ်ပြီး ကုသမှုများအား ခံယူနေရသူဖြစ်ကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်ရုပ်အလောင်းအား လက်ရှိတွင် (ဃ-၃) ရပ်ကွက်၊ ဓမ္မာရုံလမ်း၊ ကျွဲဆည်ကန်နေအိမ်တွင် ထားရှိထားပြီး အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီတွင် တောင်အင်းမြောက်အင်း သုသာန်သို့ ပို့ဆောင်ကာ မီးသဂြို င်္ဟ်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
