မလေးရှားတွင် အော်ပရာစီဝင်သဖြင့် ထွက်ပြေးရာ မြန်မာအမျိုးသမီးတစ်ဦး ရထားတိုက်ခံရပြီး သေဆုံးခဲ့ပြီး အော်ပရာစီဝင်သဖြင့် မြန်မာလုပ်သားများ ဆက်တိုက်ဖမ်းဆီးခံရခြင်းများရှိနေကြောင်း မလေးရှားရောက်မြန်မာလုပ်သားများထံမှ သိရသည်။
" ဆုံးသွားတဲ့ အမျိုးသမီးက အော်ပရာစီဝင်လို့ ထွက်ပြေးရင်း ရထားတိုက်ခံရပြီး ဆုံးသွားတာလို့ သိရတယ်။ အသေးစိတ်တော့ သေချာမသိဘူး" ဟု မလေးရှားရောက် မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။
အောက်တိုဘာ ၅ ရက် ည ၇ နာရီခန့်က မလေးရှားနိုင်ငံ နဂရီဆင်ပီလန်းခရိုင် ဆရင်ဗန်းမြို့တွင် ပဲခူးတိုင်း အင်းတကော်မြို့မှ လာရောက်အလုပ်လုပ်ကိုင်နေသည့် အသက် ၃၈ နှစ်အရွယ် မခင်စိုးမိုလတ် ဆိုသူမှာ မလေးရှားအာဏာပိုင်များက အော်ပရာစီဝင်သဖြင့် ထွက်ပြေးရာ ရထားတိုက်မိပြီး သေဆုံးခဲ့ကြောင်း မလေးရှားရောက်မြန်မာလုပ်သားအချို့ထံမှ သိရသည်။
သေဆုံးသူ၏ နာရေးအတွက် ဟိန္ဒူမြန်မာနာရေးကူညီမှုအသင်း(မလေးရှား) နှင့် မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)တို့မှ ဆရင်ဗန်းမြို့ဆေးရုံကြီးတွင် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း မလေးရှားအာဏာပိုင်များက အော်ပရာစီဝင်သဖြင့် မြန်မာလုပ်သားများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိသည်ဟု မလေးရှားနိုင်ငံ ပီနန်းမြို့တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
" ပြီးခဲ့တဲ့ရက်ပိုင်းက ပီနန်းမှာ အော်ပရာစီဝင်တာ စားသောက်ဆိုင်တွေ၊ ဆံပင်ဆိုင်တွေကို ဝင်တာ။ အထောက်အထားမပြနိုင်လို့ မြန်မာလုပ်သားတချို့ကို ခေါ်သွားကြတယ်။ အရေအတွက်တော့ ဘယ်လောက်ရှိလဲ မသိဘူး။ အခုရက်ပိုင်း အော်( အော်ပရာစီ) ဝင်တာ တော်တော်စိပ်လာတယ်" ဟု ပီနန်းမြို့တွင် နေထိုင်သည့် မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။
အောက်တိုဘာ ၆ ရက် ပီနန်းမြို့ရှိ စားသောက်ဆိုင်ကို ဝင်ရောက်ဖမ်းဆီးမှုတွင် တိုင်ကြားချက်များအရ ပီနန်ပြည်နယ်လဝကမှ အစားအသောက်ရောင်းချမှုလုပ်ငန်းသုံးခု၊ ဆံပင်ညှပ်ဆိုင်၊ မီနီမားကတ် နှင့်နေရာအချို့ကိုစစ်ဆေးခဲ့ပြီး စုစုပေါင်း မြန်မာ ၄၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသူများမှာ အမျိုးသား ၂၈ယောက်၊ အမျိုးသမီး ၁၅ ဦးတို့ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်တွင် စစ်ဆေးမှုပြုလုပ်ရန် သက်သေထောက်ခံချက် ၁၄ ခု ချမှတ်ခဲ့ပြီး၊ ဆက်လက်စုံစမ်းစစ်ဆေးမှုများအတွက် အလုပ်ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအား လက်ရှိဥပဒေစည်းမျဉ်းများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားရောက် မြန်မာလုပ်သားများအကြောင်း ဖော်ပြနေသည့် Star MM က ရေးသားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
