ပွဲစီစဉ်သူများက လာရောက်ကြည့်ရှုသူ စံချိန်တင်နိုင်ရန် မျှော်မှန်းထားသည့် အိန္ဒိယ၏ လူပြည့်ကြပ်နေသော လေကြောင်းပြပွဲတွင် အပူချိန်ပြင်းထန်မှုကြောင့် လူငါးဦးထက် မနည်းသေဆုံးခဲ့ကြောင်း မီဒီယာများတွင် အောက်တိုဘာ ၇ ရက်က ဖော်ပြထားသည်။
တမီးနာဒူလ်ပြည်နယ် ချန်နိုင်းမြို့တွင် လေကြောင်းပြပွဲ၌ အပူချိန်သည် ၃၅ ဒီဂရီ ဆဲလ်စီးယက်စ်အထိရှိနေခြင်းနှင့်အတူ အောက်တိုဘာ ၆ ရက်က ပူပြင်းသည့် နေရောင်အောက်၌ ကမ်းခြေတစ်လျှောက်တွင် လူပေါင်းသိန်းချီ စုဝေးရောက်ရှိခဲ့ကြသည်။
လေကြောင်းပြပွဲအတွင်း လာရောက်ကြည့်ရှုသူ ငါးဦးသည် အပူလျှပ်ပြီး ပင်ပန်းနွမ်းနယ်မှုဖြင့် သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူများ၏ ပြောကြားချက်ကို Press Trust of India သတင်းတွင် ဖော်ပြထားသည်။
The India Express သတင်းတွင်မူ လူငါးဦးသည် သီးခြားဖြစ်စဉ်များတွင် ရေဓာတ်ခန်းခြောက်ပြီး ပင်ပန်းနွမ်းနယ်ကာ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းပွဲသို့ သွားရောက်ခဲ့သူတစ်ဦး၏ ပြောပြချက်အရ လမ်းများတွင် မော်တော်ယာဉ်များဖြင့် ပြည့်နေကာ ရထားများတွင် လူများပြည့်သိပ်ကြပ်နေပြီး လူအများအပြားသည် အသက်ရှူကြပ်သည့် ဝေဒနာခံစားခဲ့ရသည်ဟု ဆိုသည်။
အိန္ဒိယလေတပ်သည် အိန္ဒိယနိုင်ငံသားအများဆုံးတက်ရောက်သည့် အခမ်းအနားအဖြစ် Limca Book of Records တွင် မှတ်တမ်းတင်နိုင်ရန်အတွက် ယင်းလေကြောင်းပြပွဲအခမ်းအနားကို ကျယ်ကျယ်ပြန့်ပြန့်ကြော်ငြာခဲ့သည်။
Limca Book of Records သည် အိန္ဒိယတွင် နှစ်စဉ်ထုတ်ဝေသောကိုးကားစာအုပ်တစ်အုပ်ဖြစ်ပြီး အိန္ဒိယလူမျိုးများတက်ရောက်သည့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
တမီးနာဒူလ် ဆေးဘက်ဆိုင်ရာနှင့် မိသားစုလူမှုဖူလုံရေးပြည်နယ်ဝန်ကြီး မာဆူဘရာမာနီယန်က အာဏာပိုင်များအနေဖြင့် လူအုပ်များအတွက် ဆေးဝါးများနှင့် သောက်သုံးရေးများအရန်သင့်ထားရှိမှုအပါအဝင် လိုအပ်သော အထောက်အပံ့ပစ္စည်းများကို စီစဉ်ထားရှိပေးထားသည်ဟု ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၌ နွေရာသီတွင် ပြင်းထန်သည့် အပူချိန်များ မြင့်တက်မှုသည် ထူးဆန်းသည့် ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပေ။
သို့သော် ရာသီဥတုပြောင်းလဲမှုကြောင့် အပူလှိုင်းကျရောက်မှုများသည် အချိန်ပိုမိုကြာမြင့်ပြီး ပိုပြင်းထန်လာကာ အပူလှိုင်းကျရောက်မှု မကြာခဏဖြစ်ပွားလာသည်ဟု သိပ္ပံဆိုင်ရာ သုတေသနတွေ့ရှိချက်များအရ သိရသည်။
အပူချိန်သည် လူသားများ၏ ကျန်းမာရေး အထူးသဖြင့် မွေးကင်းစကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါ ခံစားနေရသူများအပေါ် သက်ရောက်မှုရှိကြောင်း အိန္ဒိယမိုးလေဝသဌာနက သတိပေးထားသည်။
၂၀၂၂ ခုနှစ် မေလက ဒေလီမြို့တော်၏ အချို့နေရာဒေသများတွင် အပူချိန်သည် ၄၉ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့သည်။ ယခုနှစ်အစောပိုင်းက အိန္ဒိယတွင် အပူချိန်သည် ၅၀ ဒီဂရီဆဲလ်စီး ယက်စ်အထိ မြင့်တက်ခဲ့သည်။
ပြည်နယ်အာဏာရပါတီ Dravida Munnetra Kazhagam ပါတီမှ လွှတ်တော်အမတ် ကာနီမိုဇီကာရူနာနီဟီက သေဆုံးသူအရေအတွက်ကို စာရင်းထုတ်ပြန်ရခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
