မလေးရှားနိုင်ငံတွင် အောက်တိုဘာ ၅ ရက်မွန်းတည့် ၁၂ နာရီခွဲခန့်က အော်ပရာစီဝင်ဖမ်းစဉ်ထွက်ပြေးရာမှ ရထားဖြင့်တိုက်မိ၍ မြန်မာနိုင်ငံသူတစ်ဦးသေဆုံးသွားခဲ့ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေးကိုကူညီပေးနေသူများထံမှ သိရသည်။
မလေးရှားနိုင်ငံ၏ စီးပွားရေးစင်တာအနီးတစ်ဝိုက်အား ပူးပေါင်းအဖွဲ့ဝင်(၄၀၀)ဦးကျော်က
ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများပြုလုပ်စဉ် မြန်မာနိုင်ငံသူတစ်ဦးသည် ဖမ်းဆီးခံရမည်ကိုစိုးရိမ်၍ ထွက်ပြေးရာမှ ရထားဖြင့်တိုက်မိပြီးနောက် ခန္ဓာကိုယ်နှစ်ပိုင်းပြတ်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
” တိုင်ကြားမှုကြောင့်ဖမ်းဆီးမှုတွေလုပ်ခဲ့တာလို့ သိရတယ်။ အခု ဖြစ်စဉ်မှာ သေဆုံးသွားတဲ့ အမျိုးသမီးက ပဲခူးတိုင်း အင်းတကော်ဘက်ကလို့သိရတယ်။ သူက အော်ပရာစီဝင်ဖမ်းတာကို ကြောက်လန့်ပြီးထွက်ပြေးရင်းနဲ့ဖြစ်သွားတာာပါ။ လိုအပ်တာတွေကိုတော့ ကူညီပေးနေတယ်”ဟု ကူညီပေးနေသူတစ်ဦးကပြော သည်။
အော်ပရာစီဝင်ရောက်ဖမ်းဆီးစဉ် ပူးပေါင်းအဖွဲ့ဝင်များက နိုင်ငံခြားသား(၁၀၉၁)ဦးကိုစစ်ဆေးခဲ့ပြီးနောက် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာရွက်စာတမ်းမရှိသူများ၊ ဖြတ်သန်းခွင့် ဗီဇာစည်းကမ်းများကိုဖောက်ဖျက်သူများ၊ ပါမစ်နေရာလွဲမှားအသုံးပြု၍ ရက်လွန်နေထိုင်သူများ၊ အသိအမှတ်မပြုသော ကတ်ကိုင်ဆောင်ထားသူများနှင့် ၁၉၅၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက် ဥပဒေကိုချိုးဖောက်သည့် အခြားပြစ်မှုကျူးလွန်ခဲ့သည့် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား(၆၀၂)ဦးကို မလေးရှားနိုင်ငံ ဥပဒေဖြင့်အရေးယူနိုင်ရန် ဖမ်းဆီးခဲ့ကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
