ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပြည်လမ်း၊ သန္ဓေပင်ကျေးရွာ၊ အသုံးလုံး မှတ်တိုင်အနီးတွင် အထည်ချုပ် စက်ရုံ ဖယ်ရီးကား အုတ်တံတိုင်းကို တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်ပါသူများအနက် (၁၀)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မှော်ဘီမြို့နယ်မီးသတ်စခန်းနှင့် ဒေသခံများထံမှ ကနဦး သတင်းများအရ သိရသည်။
ယနေ့ အောက်တိုဘာ (၇)ရက်၊ ည (၆)နာရီ (၄၉)မိနစ်အချိန်တွင် အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နယ်မြေခံ လူမှုကူညီရေးအသင်းများ ကယ်ဆယ်ရေးလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ကြက်ဖြူကန်မှာ ဖယ်ရီကား အုတ်နံရံကို ဝင်တိုက်ပြီး မှောက်တာ။ ဆေးရုံကားတွေ အသွားပြန်လုပ်ပြီး ဆေးရုံကို ပို့ပေးနေပါတယ်။” ဟု မှော်ဘီမြို့ခံ တစ်ဦးက ပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၂)ဦး၊ အမျိုးသမီ(၈)ဦး မစိုးရိမ်ရတို့အား မေတ္တာမြိုင်လူမူအသင်းကား၊ စေတနာမွန်လူမူရေးအသင်းကား၊ မြို့မလူမူရေးအသင်းကား၊ မြင့်မြတ်လူမူရေးအသင်းကားနှင့် မဇ္ဇိုမလှိုင်းလူမူရေးအသင်း လူနာတင်ယာဉ်များဖြင့် မှောဘီမြိုနယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
