ထိုင်းနိုင်ငံ၌ စက်တင်ဘာလအတွင်း အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား (၄၀၅) ဦးကို သက်ဆိုင်ရာ နယ်စပ်ဂိတ်များမှတဆင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများမှ တဆင့် သိရသည်။
ယင်းပြန်ပို့ခံရသူများထဲတွင် အမျိုးသား (၃၃၂) ဦးနှင့်အမျိုးသမီး (၇၃) ဦးပါဝင်ကာ ထိုင်းအာဏာပိုင်များ၏ ရက် (၁၂၀) စီမံချက်အတွက် အထောက်အထားမဲ့ နေထိုင်သူများအဖြစ် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်ဟု သိရသည်။
ထိုင်းအာဏာပိုင်များသည် ရက် (၁၂၀) စီမံချက်အဖြစ် ဇွန်လ(၅)ရက်မှ အောက်တိုဘာလ (၂)ရက်အထိ နိုင်ငံခြားသား အလုပ်သမား (၂၇၇,၇၇၀) ဦးကို အလုပ်ခန့်ထားသည့် လုပ်ငန်းခွင် (၂၀,၁၅၂)ခုအား ဝင်ရောက် စစ်ဆေးခဲ့ကြသည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဆိုသည်။
ယင်းအနက် မြန်မာအလုပ်သမား (၂၀၉,၄၃၅ ဦး) ဖမ်းဆီးရမိကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနက အောက်တိုဘာ (၅) ရက်တွင် ထုတ်ပြန်ထားပြီး လိုအပ်သည့် အရေးယူမှုများကို ဆက်လက်ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
