နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာရှိ တိုက်ခန်းတစ်ခုအတွင်း၌ ဓားဒဏ်ရာများဖြင့်သေဆုံးနေသော သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကို ယနေ့ အောက်တိုဘာ ၇ ရက်နံနက်ပိုင်းကတွေ့ရှိခဲ့ရကြောင်း အခင်းဖြစ်နေရာအနီးနေသူများထံမှ သိရသည်။
ဇဗ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာရှိ တိုက်အမှတ်(K1)၊ အခန်းအမှတ် (၁၃)တွင် တစ်ဦးတည်းနေထိုင်သော ဒေါ်စန္ဒာမိုး (၆၁)နှစ်သည် ၎င်းပိုင်ဆိုင်သည့်တိုက်ခန်း၏ ဧည့်ခန်းကြမ်းပြင်ပေါ်၌ ဓားဒဏ်ရာများဖြင့်သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
” သူက နေ့တိုင်းဆွမ်းထွက်လောင်းတယ်။ ဒီနေ့ဆွမ်းလောင်းတာမတွေ့တဲ့အတွက် အဲဒီတိုက်မှာနေတဲ့ အမျိုးသမီးတစ်ယောက်က ကျန်းမာရေးကြောင့် ဆွမ်းမလောင်းတာလားဆိုတာမေးဖို့အတွက်သွားကြည့်တော့ ဓားဒဏ်ရာတွေနဲ့သေဆုံးနေတာကိုတွေ့ခဲ့ရတာ။ တိုက်ခန်းထဲမှာလည်း ပစ္စည်းတွေကိုရှာဖွေထားတဲ့ပုံစံမျိုး ရှုတ်ပွနေတာကိုတွေ့ရတယ်”ဟု အခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြောသည်။
ဖြစ်စဉ်အား သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ၎င်း အမျိုးသမီး ၏ရုပ်အလောင်းအား ပေးဆပ်သူများနာမှုကူညီရေးအသင်းမှ ခုတင်-၁၀၀၀ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
