နှစ်နိုင်ငံ ဘောလုံးလောက တိုးတက်ရေးအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် သီရိလင်္ကာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Jaswar Umar တို့ ယနေ့ အောက်တိုဘာ (၇)ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ကြကြောင်း သီရိလင်္ကာဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။
၎င်းတို့နှစ်ဦး တွေ့ဆုံမှုသည် မြန်မာ – သီရိလင်္ကာ နှစ်နိုင်ငံ ဘောလုံးလောက တိုးတက်ရေးအပါအဝင် အာရှဘောလုံးလောကတိုးတက်ရေး ဆောင်ရွက်သင့်သည်များကို အပြန်အလှန် မျှဝေခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုတွေ့ဆုံမှုအတွင်း Jaswar Umar ၏ ဦးဆောင်မှုအောက်တွင် သီရိလင်္ကာ၏ ဘောလုံးတိုးတက်မှုများအတွက် ဥက္ကဋ္ဌ ဦးဇော်ဇော်က ချီးကျူးဂုဏ်ပြုမှုကြောင်း ဖော်ပြထားသည်။
ထို့နောက် ဒီဇိုင်းရေးဆွဲထားသော “ဇော်ဇော်” စာတမ်းပါ အမျိုးသားဂျာစီကို နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုအတွက် MFF ဥက္ကဋ္ဌအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာ – သီရိလင်္ကာ လက်ရွေးစင်အသင်းနှစ်သင်းသည် ယခုလ အောက်တိုဘာ (၁၀)ရက်နှင့် (၁၃)ရက်တို့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းအတွင်းနှစ်ကျော့ခြေစမ်းပွဲကစားသွားကြမည်ဖြစ်သည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
