ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော် (RCSS/SSA)မှ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့် လင်းခေးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြစ်သည့် ရပ်ကွက်အတွင်းရှိ ဆေးရုံ/ဆေးခန်း၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ပိတ်ဆို့နေသော မြောင်းများအား ရှင်းလင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် နေ့စဉ် ပြုလုပ်ပေးလျက်ရှိသည်ဟု အသိပေးထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် လင်းခေး၊ မောက်မယ်၊ မိုင်းပန်၊ မိုင်းကိုင်၊ ကွန်ဟိန်း စသည့်ဒေသများတွင် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ကာ လင်းခေးမြို့နယ်၌ ယခုနှစ်အတွင်း သုံးကြိမ်မြောက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။
RCSS/SSA အနေဖြင့် ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း ဒေသခံပြည်သူများအား စားနပ်ရိက္ခာများထောက်ပံ့နေပြီး၊ တစ်ဖက်တွင်ဒေသတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကွင်းဆင်းလေ့လာ၍ ကူညီဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။
RCSS/SSA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အား ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်က ဦးဆောင်နေကာ လက်ရှိတွင် တပ်မတော်နှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်ထားနိုင်သည့် ရှမ်း/တောင်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သည်။
ဓာတ်ပုံ- Tai Shan




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
