မြန်မာနိုင်ငံ၌ပြေးဆွဲလျက်ရှိသည့် အဓိက ရထားလမ်းပိုင်းများကိုမြန်နှုန်းမြင့်ပြေးဆွဲနိုင်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၇ ရက်နံနက်ပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ(အင်းစိန်)အား ကြည့်ရှုပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းမှ နိုင်ငံ၏ အဓိက မီးရထားလမ်းပိုင်းများတွင်ပြေးဆွဲနေသည့် ရထားများအား တစ်နာရီလျင် ၈၀ ကီလိုမီတာအထိမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရန်ဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထိုသို့ ပြေးဆွဲရာ၌ အချို့လမ်းပိုင်းအကွေ့နေရာများအား အမြန်နှုန်းကန့်သတ်ချက်များကိုက်ညီမှုရှိစေရန် လမ်းပိုင်းအလိုက် သုတေသနပြုဆောင်ရွက်ရမည်ဖြစ်ပြီး အမြန်နှုန်းနှင့် ကိုက်ညီမှုမရှိသော ရထားလမ်းနေရာများ၊ တံတားနေရာများကိုလေ့လာဆန်းစစ်၍ မြန်မာနိုင်ငံရှိလမ်းပိုင်းများနှင့်ကိုက်ညီသည့် အမြန်နှုန်းစံတစ်ခုကို သတ်မှတ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။
” မြန်မာနိုင်ငံရဲ့ မီးရထားသယ်ယူပို့ဆောင်ရေးဟာ ၁၈၇၇ ခုနှစ်တည်းကစတင်ခဲ့တာကြောင့် နှစ်ပေါင်း(၁၀၀)ကျော်ရှိပါပြီ။ သို့သော် တခြားနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင် မြန်မာနိုင်ငံရဲ့ ရထားသယ်ယူပို့ဆောင်ရေးစနစ်ဟာ နောက်ကျနေဆဲဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ကြောင့် ရထားများပြေးဆွဲရာ၌ လူစီးရထားများသည် အမြန်နှုန်း တစ်နာရီလျင် ၈၀ ကီလိုမီ တာအထိ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရန် စံသတ်မှတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်ရထားတွဲများကိုလည်း တစ်နာရီလျင် ၆၀ ကီလိုမီတာအထိမောင်းနှင်နိုင်ရန်လည်း ဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့ပြင် မီးရထားသယ်ယူပို့ဆောင်ရေး၌ ရထားလမ်းသည် အဓိက အရေးကြီး၍ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ကိုက်ညီသည့်ကျောက်များ၊ ဇလီဖားတုံးများဖြည့်သွင်းပေးခြင်း၊ ကြံ့ခိုင်မှုကောင်းမွန်အောင်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရမည်ဟုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
