မြန်မာနိုင်ငံတွင် လျှပ်စစ်ရထား(EMU)များပြေးဆွဲနိုင်ရေးနှင့်ပတ်သက်၍ မလွဲမသွေပြောင်းလဲရမည့် လုပ်ငန်းရပ်တစ်ခုဖြစ်၍ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းမှ ယနေ့ အောက်တိုဘာ ၇ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ(အင်းစိန်)သို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံ၌ လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေး စီမံကိန်းအောင်မြင်စေရန် လိုအပ်သည်များကို ဆက်လက်သုတေသနပြုဆောင်ရွက်ရန်လည်း မှာကြားသည်။
အလားတူ ဒီဇယ်လျှပ်စစ်သုံး(DEMU)စက်ခေါင်းများ၊ ရထားတွဲများကိုလည်း ပြည်တွင်း၌တည်ဆောက်ထုတ်လုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန်နှင့် မီးရထားစက်ခေါင်း၊ ရထားတွဲများကောင်းမွန်၍ ရထားလမ်းများစနစ်တကျဖြင့် ကောင်းမွန်ချောမွေ့မှု ရှိစေရေးကိုလည်း အမြဲမပြတ်ဆောင်ရွက်နေရမည်ဟု မှာကြားသည်။
” ရထားလမ်းတွေကောင်းမွန်ပြီး အချိန်မှန်မှန်နဲ့ပြေးဆွဲနိုင်မယ် မြန်နှုန်းမြင့်ပြေးဆွဲနိုင်မယ်ဆိုရင် ရထားသယ်ယူပို့ဆောင်ရေးကို အများပြည်သူတွေ ပိုမိုသုံးစွဲလာမှာဖြစ်ပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်။
ရထားပို့ဆောင်ရေးစနစ်သည် တိုင်းပြည်တစ်ခု၏ အဓိကကျသည့် ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ရာ အကျိုးရှိသည့်စနစ်ဖြစ်၍ ရထားပို့ဆောင်ရေးစနစ် တစ်ခေတ်ပြန်လည်ဆန်းသစ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဟု မှာကြားခဲ့ကြောင်း သိရသည်။
နစက ဥက္ကဋ္ဌသည် စပိန်နိုင်ငံမှရောက်ရှိလာကာ ရန်ကုန်-ပဲခူးပြေးဆွဲလျက်ရှိသည့် DEMU ရထားတွဲဆိုင်းအသစ်များကို ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
