ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ၂ နှစ် အမည်မည်းစာရင်းထည့်သွင်းထားသည့် အမျိုးသမီးနှစ်ဦးအပါအဝင် လူပုဂ္ဂိုလ် (၁၁)ဦးကို အရေးယူမှုများပြုလုပ်ပြီးဖြစ်၍ အမည်မည်းစာရင်းမှပယ်ဖျက်ပေးခဲ့ကြောင်း သိရသည်။
ထိုပုဂ္ဂိုလ်များသည် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကပြုလုပ်ခဲ့သည့် (၁၂) ကြိမ်မြောက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲတွင်ရောင်းချခဲ့သော မြေ၊ အဆောက်အအုံနှင့် မြေကွက်များကို ဝယ်ယူခွင့်ရရှိခဲ့သော်လည်း တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းပေးသွင်းရန်ပျက်ကွက်ခဲ့၍ (၂၀၂၃-၂၀၂၄ ခုနှစ်မှ ၂၀၂၄- ၂၀၂၅ ခုနှစ်အထိ) ၂ နှစ်အမည်မည်းစာရင်းထည့်သွင်းသတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။
၎င်းတို့မှာ နေပြည်တော်မှ ဦးဖြိုးထွန်းဇော်၊ ရန်ကုန်တိုင်းဒေသကြီးမှ ဦးထိန်လင်း၊ ဦးမျိုးသန့်၊ ဦးခိုင်ဇော်မင်း၊ ဦးကောင်းမြတ်စိုး၊ မန္တလေးတိုင်းဒေသကြီးမှ ဦးဇော်ခန့်သာ၊ ဦးထွန်းနိုင်ဝင်း၊ ဒေါ်ဝင်းဝင်းခိုင်၊ ဒေါ်သီရိအေးသန်းဝင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ဦးချမ်းငြိမ်းစိုးနှင့် ရှမ်းပြည်နယ်မှ ဦးကောင်းမြတ်တို့ဖြစ်သည်။
ထိုသို့ အမည်မည်းစာရင်းထည့်သွင်းပြီးနောက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ ၎င်းတို့အား အရေးယူမှုများပြုလုပ်ပြီးဖြစ်၍ အမည်မည်းစာရင်းထည့်သွင်းထားခြင်းကို ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
