ပါကစ္စတန််နိုင်ငံတွင် တရုတ်လုပ်သားများ လိုက်ပါလာသည့် မော်တော်ယာဉ်တန်းကို ပစ်မှတ်ထားသည့် အကြီးစားဖောက်ခွဲ တိုက်ခိုက်မှုတစ်ခုတွင် တရုတ်နိုင်ငံသားနှစ်ဦး သေဆုံးခဲ့သည်ဟု တရုတ်သံရုံးက အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်သည် ငွေကြေးပြတ်လပ်နေသည့် ပါကစ္စတန်အတွက် အဓိက မဟာမိတ်ဖြစ်သော်လည်း တရုတ်က ရန်ပုံငွေထောက်ပံ့ထားသည့် အခြေခံအဆောက်အအုံ စီမံကိန်းများသည် ဒေသခံများကို ဒေါသထွက်စေခဲ့ကာ တရုတ်နိုင်ငံသားများသည် စစ်သွေးကြွအဖွဲ့များ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကို မကြာခဏ ခံခဲ့ရသည်။
ဆင်းပြည်နယ် ကရာချီမြို့တော်တွင် အောက်တိုဘာ ၆ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီခန့်က လေဆိပ်ပြေးလမ်းတစ်ခုပေါ်ရှိ လောင်စာတင်ကားတစ်စီး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဘာလို့ချ် လွတ်မြောက်ရေးတပ်မတော် (BLA) အမည်ရှိ စစ်သွေးကြွအဖွဲ့က ပြောကြားခဲ့သည်။ ကရာချီနိုင်ငံတကာလေဆိပ်မှ ထွက်လာသည့် တရုတ်အင်ဂျင်နီယာများ နှင့် ရင်းနှီးမြှုပ်နှံသူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်းက BLA ပြောကြားခဲ့သည်။
BLA သည် ဆင်းပြည်နယ်၏ အိမ်နီးချင်း ဘာလိုချီစတန်ပြည်နယ်အတွင်းမှဖြစ်ကာ ယခုကဲ့သို့ တိုက်ခိုက်မှုများကို မကြာခဏ လုပ်ဆောင်ခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
