သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ သတ္တုတွင်း ဦးစီးဌာနမှ သတ်မှတ်ရက်မတိုင်ခင် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင် သက်တမ်းတိုးရန် နိုင်ငံပိုင်သတင်းစာမှတဆင့် အသိပေးထားသည်။
ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာသိုလှောင်ခွင့်လိုင်စင်များ သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များကို ရေနံနည်းဥပဒေ(၁၁၉)အရ သက်တမ်းကုန် ဆုံးမည့် နေ့ရက်မတိုင်မီ နှစ်လကြိုတင်၍ နောင်လာမည့်နှစ်အတွက်သက်တမ်းတိုးမြှင့် လျှောက်ထားကြရန် အသိပေးထားသည်။
ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များ သက်တမ်းတိုးမြှင့်မှုကို နိုဝင်ဘာ (၁) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်အတွင်း လျှောက်ထားကြရန်နှင့် ပျက်ကွက်သည့် သို လှောင်ခွင့်လိုင်စင်များအတွက် ရက်လွန်ဒဏ်ကြေးအဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်ပြီး (၁)ရက်လျှင် သိုလှောင်ခွင့်လိုင်စင်ကြေး၏ (၂)ရာခိုင်နှုန်း ပေးရမည်ဖြစ်ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ ၂၀၂၃ ခုနှစ် အောက်တိုဘာ (၃၁)ရက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၀၃၇/၂၀၂၃ အရ သိုလှောင်ခွင့်လိုင်စင်ကို သက်တမ်းကုန်ဆုံးပြီးချိန်နောက်ပိုင်း သက်တမ်းတိုးတင်ပြရန် (၁)နှစ်ပျက်ကွက်ပါက အဆိုပါလိုင်စင်သည် အလိုအလျောက် ပျယ်ပျက်ပြီး စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတ်တမ်းတိုးရန် လျှောက်ထားသည့်အခါ “သက်တမ်းတိုးလျှောက်လွှာ၊ ဦးစီးဌာနမှ ထုတ်ပေးထားသည့် သိုလှောင်ခွင့်လိုင်စင်(မူရင်း)၊ ဦးစီးဌာနမှ နောက်ဆုံးကွင်းဆင်းစစ်ဆေးခဲ့သည့် ကွင်းဆင်းစစ်ဆေးချက် မှတ်တမ်း(မူရင်း)၊ စက်သုံးဆီအရောင်းဆိုင်နှင့် သိုလှောင်ကန်များ၏ လက်ရှိအခြေအနေအတိုင်း ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများ”ကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
