အမျိုးသမီး ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍ တရားမျှတပြီး လုံခြုံသည့်ပြောင်းရွှေ့မှုများဖြစ်စေရန် Safe and Fair အစီအစဉ်ဖြင့် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
၎င်းက “အာဆီယံ ၁၀ နိုင်ငံစလုံးမှာ အမျိုးသမီးပြောင်းရွှေ့လုပ်သားနဲ့ပတ်သက်ပြီးတော့ တရားမျှတတဲ့ ပြောင်းရွှေ့မှုတွေဖြစ်အောင်၊ လုံခြုံတဲ့ပြောင်းရွှေ့မှုတွေဖြစ်အောင် ဒီအစီအစဉ်ကနေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်းပဲ ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ အမျိုးသမီးရွှေ့ပြောင်း အလုပ်သမားတွေဟာ ၄၀ ရာခိုင်နှုန်းပါနေတယ်။ အဲဒီအမျိုးသမီးတွေအတွက် မျှတတဲ့ အခွင့်အရေးတွေရရှိအောင် တရားဥပဒေနဲ့အညီ ခံစားခွင့်တွေရရှိအောင်၊ လုံခြုံစွာ ပြောင်းရွှေ့နိုင်မှုတွေဖြစ်အောင် ဒီမှာဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် မတ် ၁၄ ရက်ကပြုလုပ်သည့် Safe and Fair အာဆီယံဒေသအတွင်းရှိ အမျိုးသမီးရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အရေးများနှင့် အခွင့်အလမ်းများရရှိစေရန် အမျိုးသားစီမံကိန်း အကြံပေးအစည်းအဝေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။
Safe and Fair စီမံကိန်းသည် မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး လုပ်သားရွှေ့ပြောင်းသွားလာမှုနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး စီမံအုပ်ချုပ်မှုမူဘောင်များ ပိုမိုတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အမျိုးသမီးရွှေ့ပြောင်း အလုပ်သမားများအတွက် သတင်းအချက်အလက် နှင့် ဝန်ဆောင်မှုများ ပိုမိုတိုးတက်စေပြီး အမျိုးသမီးရွှေ့ပြောင်းသွားလာသူများ၏ လူ့အသိုက်အဝန်းကို အထောက်အပံ့ပြုမှုများကို ပိုမိုနားလည်စေရေး စည်းရုံးလှုံ့ဆော်ရန် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“အာဆီယံ ၁၀ နိုင်ငံအတွင်းမှာ ဆောင်ရွက်မယ့်ကိစ္စကတော့ အလုပ်သမားပို့ဆောင်ရေး စီမံကိန်းတွေရှိတယ်။ အလုပ်သမားများနဲ့ပတ်သက်တဲ့ စီမံကိန်းရှိတယ်။ အမျိုးသမီးများနဲ့ပတ်သက်တဲ့ မဟာဗျူဟာစီမံကိန်းတွေ ရှိတယ်။ ဒီစီမံကိန်းတွေ၊ တည်ဆဲဥပဒေများနဲ့အညီ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အာဆီယံဒေသမှာလည်း အာဆီယံ Summit တွေမှာ အကြီးအကဲများက ချမှတ်ထားတဲ့ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေး၊ အမျိုးသမီးများစောင့်ရှောက်ရေး ကိစ္စတွေကိုလည်းပဲ သတ်မှတ်ထားတဲ့စံချိန် စံညွှန်းများနဲ့အညီ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာလည်း UN အဖွဲ့အစည်းများ၊ INGO,NGO အကူအညီများနဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ UN Women ၊ILO အဖွဲ့အစည်းများရဲ့အကူအညီနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အမျိုးသမီးရွှေ့ပြောင်း အလုပ်သမားများသည် ဥပဒေနှင့်အညီ ခံစားခွင့်မရှိသည့်အပြင် လူကုန်ကူးခံရမှုများနှင့် အလုပ်သမား ခေါင်းပုံဖြတ်ခံရမှုများ ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
