ယခုနှစ် မန္တလေးသင်္ကြန် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် သံချပ်အဖွဲ့များအနေဖြင့် မြို့တော်မဟာသင်္ကြန် (ဗဟို) ၌ ဖျော်ဖြေခွင့်ရတော့မည်မဟုတ်ဘဲ မနော်ရမ္မံကွင်းရှိ ပြည်ထောင်စုသင်္ကြန်မဏ္ဍပ်တွင်သာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခင်နှစ်များက မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် (ဗဟို) တွင်သာ ဖျော်ဖြေခဲ့ရသော်လည်း ယခုနှစ်တွင် နေရာပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပြည်သူအများ ကြည့်ရှုလေ့ရှိပြီး ရုပ်သံရိုက်ကူးထုတ်လွှင့်မှုများရှိသည့် မြို့တော်မဏ္ဍပ်တွင် ဖျော်ဖြေခွင့်မပြုဘဲ နေရာပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး သံချပ်အဖွဲ့ များနှင့် မြို့ခံများအကြား ဝေဖန်မှုများရှိနေကြောင်း သိရသည်။
“မြို့တော်မဏ္ဍပ ်( ဗဟို) မဏ္ဍပ်မှာသာ အများပြည်သူ ပြန်လည်ကြည့်ရှုလို့ရမယ့် မီဒီယာတွေရဲ့ ရုပ်သံထုတ်လွှင့်မှုတွေ ရှိတာပါ။ နောက်ပြီး ကျုံးဘေးလမ်းလျှောက်သင်္ကြန်နဲ့အတူ ပြည်သူတွေကလည်း ဒီမဏ္ဍပ်မှာပဲ လာကြတာလေ။ မန္တလေးသင်္ကြန်မှာ သံချပ်က ပြန်လည်ပေါက်ဖွားလာတာ မကြာသေးဘူး။ အခုဒီလိုလုပ်လိုက်တာဟာ သံချပ်တွေကို ချိုးနှိမ်ရာရောက်တယ်။ ယဉ်ကျေးမှုတစ်ခုကို ဖျောက်ဖျက်ရာရောက်တယ်လို့တောင် ကျွန်တော်တို့ စွပ်စွဲချင်ပါတယ်” ဟု ယခင်နှစ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ‘ရွှေလက်ညှိုး’ သံချပ်အဖွဲ့သားတစ်ဦးဖြစ်သူ ကိုတိုက်ထွေးက ပြောကြားသည်။
သံချပ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် သံချပ်အဖွဲ့များအနေဖြင့် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရ၏ ဂုဏ်သိက္ခာကို ထိပါးနိုင်သည့် တစ်ဖက်သတ် စွပ်စွဲပုတ်ခတ်ရေးသားသီဆိုမှုများ မပါရှိရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်သည့် ရေးသားသီဆိုမှုများ မပါရှိရန်၊ မည်သည့်ဘာသာသာသနာကိုမဆို ထိပါးစော်ကားသည့် စာသားများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် စာသား၊ ဝတ်စားဆင်ယင်သရုပ်ဖော်မှုများမပါရှိရန်နှင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ်အပေါ် တစ်ဖက်သတ်စွပ်စွဲပုတ်ခတ်မှုများ မပါရှိရန်” ဟု စည်းကမ်းသတ်မှတ်ထားပြီး သံချပ်စာသားများကိုလည်း ကြိုတင်စိစစ်ပြီးမှသာ ခွင့်ပြုသွားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
