မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာတွင် မတ် ၁၄ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၈ လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင်မီးသတ်ဦးစီးဌာနမှ စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာတွင် မတ် ၁၄ ရက် မွန်းတည့် ၁၂ နာရီကျော်က သွပ်မိုးထရံကာ နှစ်ထပ်နေအိမ်အတွင်း ဒယ်နီအိုးဖြင့် ဆိတ်သားဟင်းတည်ထားခဲ့ရာမှ အပူလွန်ကဲပြီး အနီးရှိ ၀ါးထရံကို မီးကူးစက်ရာမှတစ်ဆင့် လူနေအိမ်ခြေ ၁၈ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကို မီးလောင်မှုအဆင့် Level 3 အဆင့်သတ်မှတ်ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကို ၁၂ နာရီ မိနစ် ၄၀ တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂ နာရီ မိနစ် ၅၀ တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်အိမ်ထောင်စု ၁၈ စု၊ လူဦးရေစုစုပေါင်း ၇၃ ဦးတို့ကို ကျေးရွာမူလတန်းကျောင်းတွင် ယာယီမီးဘေးဒုက္ခသည်စခန်း ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်းက မီးစတင်လောင်ကျွမ်းခဲ့သည့် အိမ်ရှင်ဖြစ်သူ ဦးဇော်မိုးလွင်အား (ပ)၇၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှ စုံစမ်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
