Top News

မြဝတီမြို့ ရွှေမြစန္ဒီကျူးကျော်အိမ်ရာမြေကိစ္စ အဆင့်ဆင့်ဖြေရှင်းဆောင်ရွက်ရန် ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ အမြန်ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား
24htopnews | October 8, 2024 8:12 AM CST

မြဝတီမြို့ ရွှေမြစန္ဒီကျူးကျော်အိမ်ရာ မြေကိစ္စနှင့်ပတ်သက်၍အဆင့်ဆင့်ဖြေရှင်း ဆောင်ရွက်ရန် ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဆိုသည်။

အဆိုပါ ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပြည်နယ်ထွေ / အုပ်၊ ပြည်နယ်ဥပဒေ၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ ပါဝင်မည်ဖြစ်ပြီး ရွှေမြစန္ဒီကျူးကျော်အိမ်ရာ ကိစ္စနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူရန် မြဝတီဒေသခံ မဟုတ်သည့် လူငယ် ၁၀၀ ကျော်ဖြင့် အိမ်ထောင်တစ်စုလျှင် လူတစ်ဦးစီကို စစ်တမ်းကောက်ယူသွားမည်ဖြစ်ကာ စစ်တမ်းကောက်ယူမည့်အချက်ပေါင်း ၄၀ ရှိကြောင်း သိရသည်။

စစ်တမ်းကောက်ယူမည့် အချက်ပေါင်း ၄၀ နှင့်ပတ်သက်၍ ဝန်ကြီးချုပ်က “စစ်တမ်းကောက်ယူမယ့် အချက်ပေါင်း ၄၀ အနက် နောက်ဆုံးအချက်က အဓိကကျပါတယ်။ ဒီနောက်ဆုံးအချက်ကို အုပ်ချုပ်မှု အာဏာကို ပျက်ပြားအောင် အစီအစဉ်ဖြင့် ဆောင်ရွက်မှုအား ဝန်ထမ်းများက အာဏာဖီဆန်ကာ DKBA နှင့်ပူးပေါင်းမှုအပေါ်အမှန်ပေါ် ပေါက်အောင်ဆောင်ရွက်မှုလို့ ခေါင်းစဉ်ပေးရန် စဉ်းစားထားပါတယ်။ ဒီအတွက် ပြည်နယ်တရားရုံးနဲ့ ပြည်နယ်ဥပဒေရုံးတို့က ဘယ်လိုသဘောထားသလဲဆိုတာ အကြံပြု ပေးစေလိုပါတယ်” ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၏ အပတ်စဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

ဆက်လက်၍ဝန်ကြီးချုပ်က “ရွှေမြစန္ဒီ ကျူးကျော်အိမ်ရာမြေကိစ္စနှင့် ပတ်သက်၍ စတင်ကျူးကျော်မှုများရှိစဉ် ကတည်းက တားမြစ်ခဲ့သော်လည်း ဌာနဆိုင်ရာများက ၎င်းကိစ္စတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း၊ ယခုကဲ့သို ့အခြေအနေမျိုးထိဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ဥပဒေနှင့်မညီဘဲ ကျူးကျော်မှုတွင် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်သည်ကို တွေ့ရကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများက ထိုသို ့ပူးပေါင်းဆောင်ရွက်သည့်အသွင်ကို ဆောင်နေကြောင်း၊ မြဝတီမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ငြိမ်းချမ်းရေးအဖွဲ့နှင့်ပူးပေါင်းပြီး တရားမဝင်လှုံ့ဆော်ဆောင်ရွက်မှုများကို ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ကာ ရွှေမြစန္ဒီကျူးကျော်အိမ်ရာမြေကိစ္စ ဖြေရှင်း၍ မပြီးမချင်း မြဝတီခရိုင်၊ မြို့နယ်ရှိဌာနဆိုင်ရာ ဝန်ထမ်းများ၏ အပြောင်းအရွှေ့ကိစ္စကိုခွင့်ပြုပေးမည် မဟုတ်ကြောင်းနှင့်အပြောင်းအရွှေ့ကိစ္စ အမိန့်ထွက်လာသည်များရှိပါက မိမိထံအမြန်တင်ပြရန်” ဟု ပြောကြားသည်။

 မြဝတီမြို့ စက်မှုဇုန်အနီး၌ DKBA လက်နက်ကိုင်အဖွဲ့အစည်းမှ ရွှေမြစန္ဒီအိမ်ရာ ကွက်သစ်ကို သက်ဆိုင်ရာခွင့်ပြုချက်မရရှိဘဲ ဖော်ဆောင်နေမှုအတွက် လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်က ခြံစည်းရိုးသာခတ်ထားပြီး လူနေထိုင်ခြင်းမရှိသည့်နေအိမ်များကို သက်ဆိုင်ရာက ဖြိုဖျက်ခဲ့ပြီး ဒေသအတွင်း  ဝေဖန်မှုမြင့်တက်လျက်ရှိပြီး အဆိုပါကျူးကျော်အိမ်ရာ မြေကိစ္စအဆင့်ဆင့်ကို ဖြေရှင်းဆောင်ရွက်ရန် ပြည်နယ်အဆင့်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန်ဖွဲ့စည်းဆောင်ရွက်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က လမ်းညွှန်မှုပြုထားကြောင်း သိိရသည်။

 


READ NEXT
Cancel OK