စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ်တွင် အချိန်မရွေး ပြိုကျပျက်စီးနိုင်သည့် သစ်သားတံတားနှစ်စင်းရှိနေခြင်းကြောင့် ကွန်ကရစ်တံတားအဖြစ် အစားထိုး တည်ဆောက်ပေးရန် လိုအပ်နေကြောင်းက သာမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၏ ပြောကြားချက်အရ သိရသည်။
အဆိုပါသစ်သားတံတားနှစ်စင်း အချိန်မရွေး ပြိုကျပျက်စီးနိုင်သောကြောင့် သစ်သားတံတားအစား ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးနိုင်ရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (နေပြည်တော်) ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အခုတံတားတွေက ယာယီတည်ဆောက်ထားတဲ့ သစ်သားတံတားတွေဖြစ်တယ်။ ပြီးတော့ ရေရှည်မှာလည်း ခိုင်ခ့ံမှုမရှိနိုင်ဘူး။ အချိန်မရွေး ရာသီဥတုကြောင့် ပြိုကျပျက်စီးနိုင်တယ်။ ဆက်သွယ်ရေးတွေ ပြတ်တောက်နိုင်တယ်။ ပြည်သူတွေရဲ့ သွားလာရေးကအစ အခက်အခဲဖြစ်နိုင်တဲ့အတွက် ဒါကိုတောင်းခံထားခြင်း ဖြစ်တယ်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နေပြည်တော်) ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြထားတယ်။ RC ကွန်ကရစ်တံတားတွေ တည်ဆောက်ပေးဖို့ရာအတွက် လိုအပ်နေတာပါ” ဟု ကသာမြို့နယ်မဲဆန္ဒနယ်မြေ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောကြားသည်။
ကသာမြို့နယ် တုံမော-အောက်ဝဲကြီး ကျေးရွာအနီးရှိ ဝဲကြီးချောင်းပေါ်တွင် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသည့် ပေ ၆၀ ရှိ သစ်သားတံတားသည်လည်း ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ရန်လိုအပ်နေကြောင်း၊ ထို့ပြင် ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်ကြားရှိ ကြံတောချောင်းပေါ်ရှိ သစ်သားတံတားသည်လည်း ကွန်ကရစ်တံတား အဖြစ်တည်ဆောက်ရန် အရေးပေါ်လိုအပ်နေကြောင်း ဦးညီညီထွန်းက ပြောကြားသည်။
ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်ကြားရှိ ကြံတောချောင်းပေါ်တွင် တည်ဆောက်ထားသည့် သစ်သားတံတားသည် အလျားပေ ၂၅၀၊ အနံ ၁၈ ပေရှိကြောင်း၊ ကွန်ကရစ်တံတားအသစ် တည်ဆောက်ပါက ကုန်ကျငွေ ကျပ်သိန်း ၄၀၀၀ ကျော်မည်ဟု ခန့်မှန်းထားကြောင်း ကသာမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၏ ပြောကြားချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
