ကလောမြို့၊ လွန်းထိုးကျေးရွာအုပ်စုရှိ သဖန်းရိပ်ရွာတွင် ရေကြီးမြေပြိုမှုဒဏ်ခံရသည့် လူဦးရေ တစ်ထောင်ခန့် အကူအညီများလိုအပ်လျက်ရှိသည်။
လွန်းထိုးကျေးရွာအုပ်စုရှိ သဖန်းရိပ်ရွာတွင် စက်တင်ဘာ ၁၄ ရက်မှစတင်ကာ မိုးရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် မြေမြိုမှုများဖြစ်ပွားခဲ့ပြီး အဆိုပါရွာရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်ဆီးခဲ့ကြောင်း သိရသည်။
"ဘုန်းကြီးကျောင်းက နှစ်ထပ်ကျောင်းဆောင်က အောက်ထပ်မြုပ်တယ်။ဆွမ်းချက်ဆောင်လည်း မြုပ်တယ်။စာသင်ကျောင်းလည်း ရေထဲမြုပ်တယ်။တရွာလုံးကို ရေထဲမြုပ်သွားတာပါ"သဖန်းရိပ်ရွာမှ ဦးဇင်းတစ်ပါးက မိန့်ကြားသည်။
သဖန်းရိပ်ရွာမှာ တောင်ကြားထဲတွင် တည်ရှိသဖြင့် ရေများမြုပ်သည့်အပြင် နှုန်းများလည်း ကျန်ရှိနေခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ နေတဲ့ရွာက တောင်တွေကြားထဲမှာဆိုတော့ မိုးတွေရွာပြီး မြေပြိုတာပါ။တစ်ရွာလုံးရေထဲကို မြုပ်သွားပြီ။ရေတင်မဟုတ်ပဲ နှုန်းတွေလည်းပါတော့ အခုဆို ဘယ်လိုမှ သွားလာလို့ မရတော့ဘူး။ရှိသမျှအိမ်တွေ အကုန်ပါသွားပြီ"ဟု သဖန်းရိပ်ရွာနေသူတစ်ဦးက ပြောကြားသည်။
သဖန်းရိပ်ရွာမှာ ရေပြန်ကျသွားသော်လည်း နှုန်းများကျန်ရှိနေသဖြင့် ဆက်လက်နေထိုင်၍ မရနိုင်တော့သည်ကို တွေ့ရှိခဲ့ရပြီး အဆိုပါရွာရှိ အိမ်ခြေနှစ်ရာကျော်မှာ နှုန်းအောက်တွင် နစ်မြုပ်သွားပြီဖြစ်သဖြင့် လက်ရှိတွင် ယာယီနေအိမ်များ ဆောက်လုပ်ကာ နေထိုင်လျက်ရှိသည်။
"အိမ်တွေအကုန် နှုန်းအောက်မှာ နစ်ကုန်ပြီ။လက်ရှိက ဘယ်လိုနေရလဲဆိုရင် အဆင်ပြေတဲ့နေရာမှာ ယာယီအိမ်တွေ စောင့်ပြီး နေနေရတယ်။စဖြစ်တုန်းကတော့ ဘူတာဘက်က အဆောင်တွေမှာ သွားနေရတယ်။အဲ့မှာကြာလာတော့ ယာယီအိမ်တွေ ဆောက်ပြီး နေနေရတယ်"ဟု သဖန်းရိပ်ရွာနေသူတစ်ဦးက ပြောကြားသည်။
ရေကြီးမြေပြိုမှုဒဏ်အား ကြုံတွေ့ခဲ့ရသည်မှာ တစ်လနီးပါးခန့် ကြာမြင့်ပြီဖြစ်သဖြင့် လက်ရှိတွင် ကျေးရွာနေသူများမှာ ပြန်လည်ထူထောင်ရေးများ လုပ်ကိုင်ရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နှုံးများကျန်ခဲ့သဖြင့် သောက်ရေ အခက်အခဲများနှင့် အဓိက ကြုံတွေ့နေရကြောင်း သိရသည်။
"ပြန်လည်ထူထောင်ရေးလုပ်ဖို့ထက် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကြုံတွေ့နေရပါတယ်။စားသောက်ရေးလည်း အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။သောက်ရေနှုန်းရေတွေကိုရဖို့ အခက်အခဲတွေ ဖြစ်နေပါတယ်။ရှိတဲ့ ပြန်လည်အသုံးပြုနေရပါတယ်"ဟု သဖန်းရိပ်ရွာနေထိုင်သူ တစ်ဦးက ပြောကြားသည်။
ရေကြီးမြေပြိုမှုကြောင့် သဖန်းရိပ်ရွာရှိ ကျောင်းမှာ ရေမြုပ်ခဲ့သဖြင့် ကျောင်းသားကျောင်းသူများ ကျောင်းမတက်နိုင်ကြောင်း သိရသည်။
အဆိုပါ သဖန်းရိပ်ရွာမှာ သွားလာရေးခက်ခဲသဖြင့် အလှုရှင်များ လာရောက်မှုနည်းပါးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
