ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ထောင်စုများသို့ စားအုန်းဆီများကို Door to Door စနစ်ဖြင့်ရောင်းချမှု တိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ သိရသည်။
စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူများ Call Centre များမှ မှာယူပါက အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် တစ်ကြိမ်သုံးပိဿာနှုန်းဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
Door to Door စနစ်ဖြင့် စားသုံးဆီများကို သြဂုတ်လမှစတင်ကာ ဆောင်ရွက်ခဲ့ပြီး ယခုအောက်တိုဘာလအထိ (၃) လရှိပြီဖြစ်ကြောင်း သိရသည်။
သြဂုတ်လသည် စမ်းသပ်ဆောင်ရွက်ရသည့် ကာလဖြစ်သည့်အတွက် အိမ်ထောင်စု (၁၈၀၀၀) ခန့်သာ Call Centre တွင် အမှာ လက်ခံရရှိခဲ့ပြီး စက်တင်ဘာလတွင် အိမ်ထောင်စု (၁၅၀၀၀၀)ခန့်အထိ အမှာစာရရှိခဲ့ကြောင်း သိရသည်။
ယခုအောက်တိုဘာလတွင် အိမ်ထောင်စု တစ်သိန်းငါးသောင်းမှ တစ်သိန်းရှစ်သောင်းအထိ
ဆီများကို တိုးချဲ့ဖြန့်ဖြူးပေးသွားရန် စီစဉ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။
လုပ်ငန်းစတင်ချိန်တွင် Call Centre တစ်ခုတည်းဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ဝယ်လိုအားများနေသည့်အတွက် Call Center ဖုန်းလိုင်းခွဲ(၇)လိုင်းမှ (၁၀)လိုင်းအထိ တိုးပြီး အမှာစာများကို လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
