လီဗာပူးလ်အသင်းနည်းပြ ယာဂန်က လော့ပ်သည် လီဗာပူးလ်အသင်းသို့ စာရေးသားပေးပို့ကာ အကူအညီတောင်းခံလာသည့် အသင်းပရိသတ် ကလေးငယ်တစ်ဦးထံသို့ မေတ္တာစာပြန်ပို့ပေးခဲ့ကြောင်း သိရသည်။
Berkshire ဒေသရှိ Maidenhead မြို့မှ အသက် (၁၁) နှစ်အရွယ် လီဗာပူးလ်အသင်း ပရိသတ်တစ်ဦးဖြစ်သူ လူးဝစ်ဘယ်လ်ဖေးက Secondary School သို့ စတင်တက်ရမည့်အပေါ်စိုးရိမ်မှုများကို သူ၏ Idol ဖြစ်သူ ယာဂန်ကလော့ပ်ထံ ပြီးခဲ့သည့်နွေရာသီအားလပ်ရက်ကာလက စာရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။
ယာဂန်ကလော့ပ်၏တုံ့ပြန်စာတွင် ဘယ်လ်ဖေးအား စိန်ခေါ်မှုသစ်တစ်ခုအတွက် စိုးရိမ်ကြောင့်ကြမှုမထားရှိရန် တိုက်တွန်းထားပြီး မိသားစုနှင့် မိတ်ဆွေများ၏ အရေးပါသည့် အခန်းကဏ္ဍကို ဖော်ပြထားကာ ဘယ်လ်ဖေး၏သူ့အပေါ် ထောက်ခံအားပေးနေမှုအပေါ် ကျေးဇူးတင်ကြောင်းလည်း ရေးသားခဲ့သည်။
ကလော့ပ်အနေဖြင့် ယင်းကဲ့သို့ ဘောလုံးပ ရိသတ်ကလေးငယ်တစ်ဦးထံသို့ စာပြန်လည် ရေးသားပေးပို့ခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့သည့်ရာသီကလည်း မန်ယူအ သင်းပရိသတ်ကလေးငယ်တစ်ဦးထံမှ ရေး သားလာသည့်စာကို တုံ့ပြန်ရေးသားမှု ပြုလုပ် ပေးခဲ့သည်။
အသက် (၁၀) နှစ်အရွယ်ရှိ ဒါရက်ကာလေဆိုသူ မန်ယူပရိသတ်ကလေးငယ်တစ်ဦးက သူ၏အသင်းကို လီဗာပူးလ်အနေဖြင့် အနိုင်မယူရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ကလော့ပ်က ယင်းတောင်းဆိုမှုအား ကလေးငယ်၏အနာဂတ်အတွက် တန်ဖိုးရှိစေမည့် စကားလုံးများဖြင့် ပြန်လည်ရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
