ONE Championship သည် ယခုနှစ်အတွင်း ကိုရို နာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲများရွှေ့ဆိုင်းနေရသဖြင့် အောက်တိုဘာ ၃၀ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် Inside The Matrix ပြိုင်ပွဲတွင် ချန်ပီယံကာကွယ်ပွဲ လေးပွဲအထိ ထည့်သွင်းကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။
ONE Championship အဖွဲ့အစည်းသည် အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပမည့် Inside The Matrix အမည်ရပြိုင်ပွဲတွင် ပါဝင်မည့် တွဲဆိုင်းခြောက်ပွဲအား မနေ့က ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် အောင်လအန်ဆန် (မြန်မာ) နှင့် စိန်ခေါ်သူ ဒီရစ်ဒါ (နယ်သာလန်) တို့ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။
ONE Championship သည် ယင်းပြိုင် ပွဲတွင် ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲလေးပွဲ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ကျန်ရှိနေသည့် စိန်ခေါ်ပွဲနှစ်ပွဲကို ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲလည်း ပါဝင်လျက်ရှိသည်။ ONE Championship သည် ယခုနှစ်အတွင်း ကိုရို နာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲများရွှေ့ဆိုင်းနေရသဖြင့် အောက်တိုဘာ ၃၀ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် Inside The Matrix ပြိုင်ပွဲတွင် ချန်ပီယံကာကွယ်ပွဲ လေးပွဲအထိ ထည့်သွင်းကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲကို စင်ကာပူနိုင်ငံရှိ Singapore Indoor Stadium ၌ ကျင်းပမည်ဖြစ်ပြီး ရုပ်သံမှသာ တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံလုပွဲအဖြစ် ချန်ပီယံ အောင်လအန်ဆန်နှင့် စိန်ခေါ်သူ ဒီရစ်ဒါ၊ လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ချန်ပီယံ ခရစ္စတီယန်လီနှင့် စိန်ခေါ်သူ လာပီကတ်စ်၊ ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ချန်ပီယံ မာတင်ငုယင်နှင့် စိန်ခေါ်သူ ထရန်လီ၊ အမျိုးသမီး စထရောဝိတ်တန်းကမ္ဘာ့ချန်ပီယံလု ပွဲအဖြစ် ချန်ပီယံ ရှောင်ကျင်နန်နှင့် စိန်ခေါ်သူ တက်ဖနီတီယိုတို့ ထိုးသတ်မည်ဖြစ်ပြီး စိန်ခေါ်ပွဲများအဖြစ် လိုက်ဝိတ်တန်းတွင် ဖိုလာရန်နှင့် အန်တိုနီယို၊ အမျိုးသမီးစိန်ခေါ် ပွဲအဖြစ် ရီတူဖိုဂတ်နှင့် ဆရီပိုဗ်တို့ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။ အောင်လအန်ဆန် နှင့် မာတင်ငုယင်သည် အမေရိကန်နိုင်ငံတွင် ပူးတွဲလေ့ကျင့်နေသူများဖြစ်ပြီး တစ်ရက်တည်းတွင် ချန်ပီယံကာကွယ်ပွဲများ ထိုးသတ်ရခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် လေးပွဲမြောက် ထိုးသတ်ရခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်တွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူပြီးနောက်ပိုင်း သုံးနှစ်ကျော်ကာလအတွင်း ချန်ပီယံကာကွယ်ပွဲ သုံးပွဲသာ ထိုးသတ်ရသေးသည်။ အောင်လအန်ဆန်ကို စိန်ခေါ်ထားသည့် ဒီရစ်ဒါသည် MMA ကစားသမားဘဝ ၁၂ ပွဲစလုံး အနိုင်ရထားသူဖြစ်ပြီး ဒဏ်ရာမှပြန်လည်ကောင်းမွန်လာသဖြင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်ခွင့်ရခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
