Project Big Picture အဆိုပြုမှုကို တရားဝင်ချပြခြင်းမှာ COVID-19 ရာဂါကြောင့် အောက်တန်းလိဂ်မှအသင်းများ ငွေကြေးအခက်အခဲကြုံတွေ့နေချိန်တွင် ပရီးမီးယားလိဂ်ကို အပြောင်းအလဲပြုလုပ်ခြင်းဖြင့် အကူအညီပေးနိုင်မည်ဟူသော အကြောင်းပြချက်အပေါ် အခြေခံကြောင်း သိရသည်။
ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်နှင့် မန်ယူအသင်းတို့က ဦးဆောင်၍ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အသင်း ၂၀ မှ ၁၈ သင်းသို့ လျှော့ချနိုင်ရန် ကြိုးပမ်းလျက်ရှိသည့် "Project Big Picture"အဆိုပြုမှုအတွက် ဗြိတိန်ဝန်ကြီးချုပ်ဖြစ်သူ ဘောရစ်ဂျွန်ဆင်က အလွန်အမင်းစိုးရိမ်နေသည်ဟု သတင်းများက ဖော်ပြခဲ့သည်။
" နောက်ကွယ်ကညှိနှိုင်းမှုတွေဟာ ဘောလုံးရဲ့အုပ်ချုပ်မှုယန္တရားအပေါ် ယုံကြည်မှု လျော့ပါးစေနိုင်တယ်ဆိုတာ အသေအချာပါပဲ။ EFL လက်အောက်က ကလပ်အသင်းတွေကို ထောက်ပံ့ဖို့ဆိုတဲ့ စကားကို ပြန်ကောက်ရရင် ကျွန်တော်တို့အနေနဲ့ COVID ကြောင့် အသင်းတွေမဖျက်သိမ်းစေရဖို့အတွက် ပရီးမီးယားလိဂ်နဲ့ EFL ကလပ်အသင်းတွေကို အာမခံချက်ပေးပြီးသားပါ။ ပရီးမီးယားလိဂ် နဲ့ EFL အနေနဲ့ ဘောလုံးမိသားစုတစ်ခုလုံးရဲ့ရည်မှန်းချက်အမျိုးမျိုးအတွက် စုပေါင်းဆောင်ရွက်ကြရန် လေးလေးနက်နက်တိုက်တွန်းလိုပါတယ်" ဟု ဝန်ကြီးချုပ်၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
Project Big Picture အဆိုပြုမှုကို တရားဝင်ချပြခြင်းမှာ COVID-19 ရာဂါကြောင့် အောက်တန်းလိဂ်မှအသင်းများ ငွေကြေးအခက်အခဲကြုံတွေ့နေချိန်တွင် ပရီးမီးယားလိဂ်ကို အပြောင်းအလဲပြုလုပ်ခြင်းဖြင့် အကူအညီပေးနိုင်မည်ဟူသော အကြောင်းပြချက်အပေါ် အခြေခံကြောင်း သိရသည်။ ယင်းအဆိုပြုမှုအတွက် ပရီးမီးယာားလိဂ်အသင်း ၂၀ ၏ အရေးပေါ်အစည်းအဝေးကို ယခုရက်သတ္တပတ်နှောင်းပိုင်းတွင် ကျင်းပသွားဖွယ်ရှိသည်ဟုသိရသည်။
လီဗာပူးလ် နှင့် မန်ယူအသင်းပိုင်ရှင်များ ဦးဆောင်သည့် ယင်းအစီအစဉ်ကို ထောက်ခံသည့်အသင်းမှာ ယင်းအသင်းနှစ်သင်းသာရှိပြီး လိဒ်စ်၊ ဝက်စ်ဟမ်း၊ ခရစ္စတယ်ပဲလေ့စ်၊ ဘရိုက်တန်၊ ဝက်စ်ဘရွန်း၊ ဘန်လေ၊ ရှက်ဖီးယူနိုက်တက်နှင့် ဖူလ်ဟမ်အသင်းများက ဆန်ကျင်ခဲ့ကြသည်။ မှတ်ချက်မပေးသည့်အသင်းများမှာ မန်စီးတီး၊ အာဆင်နယ်၊ ချယ်လ်ဆီးနှင့် စပါးစသည့် ထိပ်သီးအသင်းများအပါအဝင် ၁၀ သင်းအထိကျန်ရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
