ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၀ ဘောလုံးရာသီအစတွင် ရလဒ်များ ယိမ်းယိုင်ခဲ့သော်လည်း လက်ကျန် ၁၁ ပွဲဆက် အနိုင်ရလဒ်နှင့်အတူ ရာသီကုန်တွင် ချန်ပီယံဆု ကာကွယ်နိုင်ခဲ့သည်။ ယခုနှစ် ဘောလုံးရာသီ တွင် ရန်ကုန်၊ ရှမ်းနှင့် ဧရာဝတီအသင်းတို့ အပြင် ဟံသာဝတီယူနိုက်တက်အသင်းကပါ ချန်ပီယံဆုကို စိန်ခေါ်နိုင်ခဲ့သည်။
MNL အမှတ်ပေးချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက်ရရှိထားသည့် ရှမ်းယူနိုက်တက် အသင်းနည်းပြချုပ် ဦးအောင်နိုင်က ချန်ပီယံအသင်းအား အသင်းတိုင်းက အနိုင်ရချင်သည်မှာ ထူးဆန်းသည့် အခြေအနေမဟုတ်ဘဲ လာမည့်ရာသီတွင် ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် MNL အမှတ်ပေးချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက်ရရှိထားပြီး လာမည့်ရာသီတွင်လည်း ချန်ပီယံဆုကာကွယ်နိုင်ရန် ပြင်ဆင်သွားမည်ဟု ဦးအောင်နိုင်က ဆိုခဲ့သည်။
" နှစ်နှစ်ဆက် ချန်ပီယံဖြစ်ထားတဲ့အတွက် လာမယ့်ရာသီမှာလည်း ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ပြင်ဆင်မှုကို ကောင်းကောင်းလုပ်ဖို့ လိုအပ်ပါတယ်။ ဒီရာသီမှာလည်း ကျွန်တော်တို့ ရှမ်းယူနိုက်တက်အသင်းဟာ ချန်ပီယံဆုကို လွယ်လွယ်ကူကူရရှိခဲ့တာမဟုတ်ပါဘူး။ပွဲစဉ်တိုင်းက ခက်ခဲခဲ့ပါတယ်။ ချန်ပီယံအသင်းကို အသင်းတိုင်းက အနိုင်ရချင်တာဟာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ပြင်ဆင်စရာရှိတာကို ပြင်ဆင်ရမှာပါ။ လာမယ့်ရာသီမှာ ဆိုရင်တော့ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုတွေက ပိုပြီးပြင်းထန်လာဖို့ရှိပါတယ်။ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းအခြေအနေတွေဟာ အရင်ကထက် ပိုပြီးကောင်းလာတယ်။ ပိုပြီးများလာတယ်။ ဒါဟာ ကောင်းမွန်တဲ့ အခြေအနေကောင်းတွေ ဖြစ်လာတာပါ" ဟု ဦးအောင်နိုင်က သုံးသပ်ပြောကြားခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၀ ဘောလုံးရာသီအစတွင် ရလဒ်များ ယိမ်းယိုင်ခဲ့သော်လည်း လက်ကျန် ၁၁ ပွဲဆက် အနိုင်ရလဒ်နှင့်အတူ ရာသီကုန်တွင် ချန်ပီယံဆု ကာကွယ်နိုင်ခဲ့သည်။ ယခုနှစ် ဘောလုံးရာသီ တွင် ရန်ကုန်၊ ရှမ်းနှင့် ဧရာဝတီအသင်းတို့ အပြင် ဟံသာဝတီယူနိုက်တက်အသင်းကပါ ချန်ပီယံဆုကို စိန်ခေါ်နိုင်ခဲ့သည်။
ထို့ပြင် လာမည့်ရာသီတွင် ပြည်ပကစားသမားများ ခေါ်ယူ၍ အသင်းအတွက် အားဖြည့်သွားမည့် ရတနာပုံအသင်း၏ အစီအစဉ်ကြောင့် ချန်ပီယံဆုအား စိန်ခေါ်နိုင်မည့် အသင်းအရေအတွက် ထပ်တိုးလာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ MNL အမှတ်ပေးချန်ပီယံဆုကို ရန်ကုန်၊ ရတနာပုံနှင့် ရှမ်းအသင်း တို့ သုံးသင်းသာ ရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
