FIFA ၏ ကမ္ဘာလုံးဆိုင်ရာဘောလုံး ဖွံ့ဖြိုးရေးဒါ ရိုက်တာအမှုဆောင်ချုပ်အဖြစ် ၂၀၁၉ ခုနှစ် ကတည်းက တာဝန်ထမ်းဆောင်နေသူ အာစင်ဝင်းဂါးက လက်ရှိကျင်းပနေသည့် Nations League ပြိုင်ပွဲကို ဖျက်သိမ်းပြီး အဆင့်မြင့်ပြိုင်ပွဲ(ကမ္ဘာ့ဖလားနှင့် ယူရို)များကို မကြာခဏကျင်းပပေးခြင်းက ဘောလုံးပရိသတ်အတွက် ပိုကောင်းမည်ဟု ယုံကြည်နေခြင်းဖြစ်သည်။
ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲများကို လက်ရှိပြုလုပ်နေသည့်ပုံစံအစား နှစ်စဉ်နှစ်တိုင်း ကျင်းပခြင်းက ပရိသတ်အတွက် ပိုမိုကောင်းမွန်သည်ဟု နာမည်ကျော်နည်းပြဟောင်း အာစင်ဝင်းဂါးက တိုက်တွန်းခဲ့သည်။
FIFA ၏ ကမ္ဘာလုံးဆိုင်ရာဘောလုံး ဖွံ့ဖြိုးရေးဒါ ရိုက်တာအမှုဆောင်ချုပ်အဖြစ် ၂၀၁၉ ခုနှစ် ကတည်းက တာဝန်ထမ်းဆောင်နေသူ အာစင်ဝင်းဂါးက လက်ရှိကျင်းပနေသည့် Nations League ပြိုင်ပွဲကို ဖျက်သိမ်းပြီး အဆင့်မြင့်ပြိုင်ပွဲ(ကမ္ဘာ့ဖလားနှင့် ယူရို)များကို မကြာခဏကျင်းပပေးခြင်းက ဘောလုံးပရိသတ်အတွက် ပိုကောင်းမည်ဟု ယုံကြည်နေခြင်းဖြစ်သည်။
" Nations League ပြိုင်ပွဲကို ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ လူတိုင်းရှင်းရှင်းလင်းလင်းနားလည်နိုင်တဲ့ ပြိုင်ပွဲကို ရှာဖွေရပါမယ်။ လမ်းမှာတွေ့တဲ့လူတွေကို Nations League ပြိုင်ပွဲအကြောင်းမေးကြည့်ရင် အများစုက ပြိုင်ပွဲ အကြောင်း ကောင်းကောင်း မရှင်းပြနိုင်ပါဘူး။ ကျွန်တော်တို့အတွက် ဖြစ်နိုင်ရင် ပြိုင်ပွဲအနည်းငယ်လောက်ပဲ လိုအပ်ပါတယ်။ ကမ္ဘာ့ဖလားတစ်ကြိမ်နဲ့ ယူရိုတစ်ကြိမ်စီ အလှည့်ကျကျင်းပသွားတာက ခေတ်သစ်ကမ္ဘာအတွက် ပိုမိုသင့်လျော်ပါတယ်" ဟု အာစင်ဝင်းဂါးက ဂျာမန်သတင်းစာ Bild သို့ ပြောကြားခဲ့သည်။
ထို့ပြင် အာစင်ဝင်းဂါးက ရုပ်သံနှင့် စပွန်ဆာမူပိုင်ခွင့်များအတွက် ပိုမိုရှင်းလင်းလွယ်ကူစေရန် ခြေစစ်ပွဲများကို တစ်လအတွင်း ကစားသင့်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ ယခုယှဉ်ပြိုင်ကစားနေသည့် Nations League ပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။ ပထမဆုံးပြိုင် ပွဲကို ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ဇွန်လအတွင်းကကျင်းပခဲ့သော နောက်ဆုံးအဆင့်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပေါ်တူဂီက နယ်သာလန်ကို (၁-၀)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
