ချယ်လ်လ်ဆီးအသင်း၏ ပြင်သစ်ကွင်းလယ်လူ ကွန်တေသည် ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် နှင့်အဆင်မပြေဖြစ်နေပြီး စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန်ဆန္ဒရှိနေကြောင်း ပြင်သစ်သတင်းစာများက ဖော်ပြခဲ့ကြသည်။
ကွန်တေသည် မကြာသေးမီက သူ့သူငယ်ချင်းဖြစ်သူ မင်္ဂလာဆောင်သို့သွားရောက်ရန်အတွက် လေ့ကျင့်ရေးအစီအစဉ်တစ်ခုကို ပျက်ကွက်ခွင့်ပြုရန် လမ်းပတ်ထံ တောင်းဆိုခဲ့သော်လည်း လမ်းပတ်က ခွင့်မပြုခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်ရာ ကွန်တေသည် ယင်းကိစ္စအတွက် အလွန်ဒေါသထွက်ခဲ့ပြီး အသင်းမှထွက်ခွာရန်အထိပင် စဉ်းစားနေပြီဖြစ်ကြောင်း ပြင်သစ်သတင်းစာ Le Parisien က ဖော်ပြခဲ့သည်။
ယင်းသတင်းစာ၏ဖော်ပြချက်အရ ကွန်တေသည် သူ့အားခေါ်ယူရန် စိတ်ဝင်စားနေသည့် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
လက်ရှိတွင် ချယ်လ်ဆီးအသင်းနှင့် ၎င်းချုပ်ဆိုထား သောစာချုပ်မှာ ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိနေပြီး ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ၎င်းအား မြင့်မားသည့်ကြေးဖြင့် ကမ်းလှမ်းရဖွယ်ရှိနေသည်။
ကွန်တေသည် ၂၀၁၆ နွေရာသီတွင် ချယ်လ်ဆီးအသင်းသို့ လက်စတာအသင်းမှ ပြောင်းရွှေ့ကြေး ပေါင် (၃၂)သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
