ဥရောပထိပ်သီးကလပ်များဖြစ်သည့် PSG နှင့် ဂျူဗင်တပ်စ်အသင်းတို့သည် ရီးယဲလ်အသင်းမှ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်အား ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရသည်။
အသက် (၃၄)နှစ်အရွယ်ရှိ ရာမို့စ်သည် ရီးယဲလ်အသင်းနှင့် ၂၀၂၁ ခု နှစ်၊ ဇွန်လ (၃၀)ရက်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး PSG နှင့် ဂျူဗင်တပ်စ်တို့က ၎င်းင်း၏အခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရသည်။
ရာမို့စ်သည် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းတိုးလိုကြောင်း ပြောကြားထားသော်လည်း ရီးယဲလ်အသင်းဘက်က လက်ရှိအချိန်အထိ ကမ်းလှမ်းမှုမရှိသေးကြောင်း သိရသည်။
ထို့ကြောင့် PSG နှင့် ဂျူဗင်တပ်စ်အသင်းတို့သည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်မည့် ရာမို့စ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြခြင်းဖြစ်သည်။
စပိန်အားကစားရုပ်သံ El Chiringuito ၏ ထုတ်လွှင့်မှုအရ PSG နှင့် ဂျူဗင်တပ်စ်အသင်းတို့သည် ရာမို့စ်ကို ကမ်းလှမ်းမှုများပင် ပြုလုပ်ထားကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
