အင်္ဂလန် ၀-၁ ဒိန်းမတ်
အင်္ဂလန်အသင်းရဲ့ရှုံးပွဲမှာ နောက်ခံလူ မက်ဂွိုင်းရား (၃၁)မိနစ်ကတည်းက (၂)၀ါ(၁)နီနဲ့ထုတ်ပယ်ခံရတာ၊ အငြင်းပွားဖွယ်အနေအထားကနေ ပယ်နယ်တီပေးလိုက်ရတာတွေကို အကြောင်းပြချက် ပေးလို့တော့ရပါတယ်။ ဒါပေမဲ့ ကစားသမား (၁၁)ယောက်ချင်း ယှဉ်ပြိုင်ကစားရတဲ့ နာရီဝက်ဝန်းကျင်မှာလည်း အင်္ဂလန်အသင်းရဲ့ကစားပုံက မစွံခဲ့ပါဘူး။ အင်္ဂလန်ရဲ့ Three Backs မှာ မက်ဂွိုင်းရားက အစောပိုင်းကတည်းက ခြေစွမ်းညံ့နေခဲ့ပြီး Out of Position ဖြစ်နေခဲ့သလို၊ စတာလင်မပါ တဲ့တိုက်စစ်ကလည်း ထက်မြက်မှုမရှိသလောက် ဖြစ်နေခဲ့တယ်။
အင်္ဂလန်နည်းပြ ဆောက်ဂိတ်က သူ့အသင်းကို ခံစစ်(၃)ယောက်တန်းနဲ့ ပုံဖော်ချင်ပေမယ့် ချီဝဲလ် မပါချိန်မှာ Wing Back ကစားနိုင်တဲ့ ဆာကာကိုလည်း အခွင့်အရေးသိပ်မပေးခဲ့ဘူး။ မက်ဂွိုင်းရား အထုတ်ခံရချိန်မှာတော့ ဆောက်ဂိတ်ရဲ့ Tactical Change က အတော်လေးစိတ်ပျက်စရာကောင်းတယ်။ မိန့်လန်းနိုင်းစ်ကို လူစားလဲတာ အပြစ်မပြောလိုပေမယ့် ဝေါ်လ်ကာကို ဘယ်ခြမ်းပို့လိုက်တာက နဂိုကတည်းကမှ တစ်ယောက်လျော့နေတဲ့အသင်းကို ဘယ်ခြမ်းတိုက်စစ် လုံးဝမရှိသလောက်ဖြစ်သွားစေခဲ့တယ်။ ပေးလိုက်ရတဲ့ပယ်နယ်တီက အငြင်းပွားစရာတော့ ကောင်းပါတယ်။ ဝေါ်လ်ကာက ဒိန်းမတ်ကွင်းလယ်လူ ဒီလေးနီကို တားဆီးရာမှာ ရည် ရွယ်ချက်မရှိပေမယ့် ဒီလေးနီ လဲကျသွားလို့ ဒိုင်လူကြီးက ပယ် နယ်တီပေးခဲ့တာဖြစ်တယ်။ ဒီပယ်နယ်တီကိုတော့ နိုင်ငံတကာပွဲ(၁၀၀)ပြည့်ကစားတဲ့ အဲရစ်ဆင်က အပိုင်ကန်သွင်းပြီး နိုင်ပွဲရရှိစေခဲ့ပါတယ်။
ဒိန်းမတ်ကွင်းလယ်မှာတော့ အဲရစ်ဆင်က အတော်လေးကြိုးစားခဲ့တာ တွေ့ရတယ်။ မလိုအပ်ဘဲ ကိုယ်တိုင်ဂိုးသွင်းချင်စိတ်များခဲ့တာကလွဲလို့ အခုပွဲမှာ ဒိန်းမတ်အသင်းရဲ့ Key Passes ပေးပို့မှုအများဆုံး ဖြစ်ခဲ့သလို၊ ဒုတိယပိုင်းမှာ သူ အပိုင်ဖန်တီးပေး တာကို လူစားဝင်လာတဲ့ ဆစ္စတို အသုံးမချနိုင်ခဲ့လို့ အင်္ဂလန်အသင်း ဂိုးထပ်မပေးခဲ့ရတာပါ။ တစ်ပွဲလုံးမှာ အင်္ဂလန်အသင်း ဂိုးရဖို့ အနီးစပ်ဆုံးကတော့ (၆၆)မိနစ်မှာ ထောင့်ကန်ဘောကနေတစ်ဆင့် မေဆန်မောင့် အပိုင်ခေါင်းတိုက်သွင်းတာကို ဒိန်း မတ်ဂိုးသမား ရှမိုက်ကယ် လက်စွမ်းပြကာကွယ်ခဲ့ပြီး ရီးစ်ဂျိမ်းစ်ရဲ့ ဖရီးကစ်ကန်ချက်ကိုလည်း ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းမှာ ခြေစွမ်းပြနိုင်ဆုံးကတော့ ညာခြမ်းမှာကစားခဲ့တဲ့ ရီးစ်ဂျိမ်းစ်ဖြစ်ပြီး တစ်ယောက်လျော့အနေအထားမှာတောင် တိုက်စစ်ကို အတော်လေးလိုက်ကစားခဲ့တာပါ။ ဒါပေမဲ့ ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာ ဒိုင်လူကြီးကို ထိပ်တိုက်ရင်ဆိုင်လို့ အနီကတ်ပြခံခဲ့ရတာက စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
