င်္ဂလန်နည်းပြ ဆောက်ဂိတ်က မက်ဂွိုင်းရား၏ စွမ်းဆောင်ရည်ကျဆင်းမှုမှာ ခက်ခဲသည့်အချိန်များကို ဖြတ်ကျော်နေရခြင်း (ရာသီမစမီ ဂရိ၌ ခေတ္တအချုပ်ခံခဲ့ရခြင်းကို ဆိုလို)ကြောင့်ဖြစ်ပြီး ခြေစွမ်းပြန်ပြမည်ဟု ယုံကြည်လျက်ရှိသည်။
အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အင်္ဂလန်နှင့်မန်ယူအသင်းတို့၏ အမာခံနောက်ခံလူ မက်ဂွိုင်းရားသည် ခက်ခဲသည့်အချိန်များကို ဖြတ်ကျော်နေခြင်းဖြစ်ပြီး ခြေစွမ်းပြန်ပြမည်ဟု ယုံကြည်မှုအပြည့်ရှိကြောင်း ပြောကြားခဲ့သည်။
မက်ဂွိုင်းရားသည် ယခုရာသီအစတွင် မန်ယူအသင်း၌ ရုန်းကန်နေရသည့် ကစားသမားဖြစ်ပြီး (၃)ပွဲသာ ကစားသေးရချိန်တွင် (၁၁)ဂိုးအထိ ပေးထားရသည်။
ထို့ပြင် မက်ဂွိုင်းရားသည် အင်္ဂလန်အသင်း၌လည်း ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ဒိန်းမတ်အသင်းအား ရှုံးနိမ့်သည့်ပွဲတွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရကာ အသင်းရှုံးပွဲ၏ တရားခံဖြစ်ခဲ့သည်။
မက်ဂွိုင်းရားသည် ပွဲချိန်(၅)မိနစ်တွင် ပေါလ်ဆင်ကို ပြစ်ဒဏ်ကျူးလွန်ခြင်းကြောင့် အဝါကတ်ပြခံခဲ့ရပြီး ပွဲချိန်(၃၁)မိနစ်တွင် ဒိုးလ်ဘတ်ကို ထပ်မံပြစ်ဒဏ်ကျူးလွန်သဖြင့် ဒုတိယအဝါပြခံရကာ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
သို့ရာတွင် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က မက်ဂွိုင်းရား၏ စွမ်းဆောင်ရည်ကျဆင်းမှုမှာ ခက်ခဲသည့်အချိန်များကို ဖြတ်ကျော်နေရခြင်း (ရာသီမစမီ ဂရိ၌ ခေတ္တအချုပ်ခံခဲ့ရခြင်းကို ဆိုလို)ကြောင့်ဖြစ်ပြီး ခြေစွမ်းပြန်ပြမည်ဟု ယုံကြည်လျက်ရှိသည်။
ဆောက်ဂိတ်က "ပထမအဝါကတ်မျိုးကို သူ မယူသင့်ပါဘူး။ ဒုတိယအဝါကတ်ကတော့ သူ အရှိန်မထိန်းနိုင်တာပါ။ ကျွန်တော့်အတွက် သူက ထိပ်တန်းကစားသမားပါပဲ။ အသင်းရဲ့ အရေးပါတဲ့အစိတ်အပိုင်းလည်း ဖြစ်တယ်။ သူက အတားအဆီးတွေ ပြည့်နှက်နေတဲ့ လမ်းကို ဖြတ်ကျော်နေရတဲ့အချိန်မှာ ရောက်နေပါတယ်။ သူ ဒါကို ဖြတ်သန်းနိုင်ဖို့ လုံလောက်တဲ့စွမ်းရည် ရှိပါတယ်။ သူ ကျော်ဖြတ်နိုင်လိမ့်မယ်။ ပိုသန်မာလာပါလိမ့်မယ်။ ကျွန်တော်တို့ သူ့ကို အပြည့်အ၀ အားပေးနေပြီး သူ့ကလပ်အသင်းကလည်း ကျွန်တော်တို့လိုပဲ နေပါလိမ့်မယ်"ဟု ပွဲအပြီး BT Sports နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
