ရိုမဲရိုးသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှထွက်ရန် စီစဉ်ခဲ့သော်လည်း မန်ယူအသင်းက ၎င်းအတွက်ပြောင်းရွှေ့ ကြေးပေါင် (၁၀)သန်းခန့် အလိုရှိနေသဖြင့် အသင်းမပြောင်းဖြစ်ဘဲ မန်ယူ၌သာ ဆက်ရှိနေရသည်။
မန်ယူအသင်းမှ ကစားသမားအများစုသည် ၎င်းတို့၏အသင်းဖော် ရိုမဲရိုးအပေါ် မန်ယူအသင်းတာဝန်ရှိသူများ၏ ဆက်ဆံမှုနှင့် ကိုင်တွယ်ပုံများကို စိတ်ပျက်လျက်ရှိနေကြောင်း ESPN သတင်းဌာနကဖော်ပြခဲ့သည်။
ရိုမဲရိုးသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှထွက်ရန် စီစဉ်ခဲ့သော်လည်း မန်ယူအသင်းက ၎င်းအတွက်ပြောင်းရွှေ့ ကြေးပေါင် (၁၀)သန်းခန့် အလိုရှိနေသဖြင့် အသင်းမပြောင်းဖြစ်ဘဲ မန်ယူ၌သာ ဆက်ရှိနေရသည်။
အဲဗာတန်အသင်းသည် ရိုမဲရိုးအတွက် တစ်ရာသီငှားရမ်းခယူရို(၂)သန်းနှင့် ၎င်း၏ တစ်ပတ်လုပ်ခပေါင်(၁)သိန်းအပြည့်အား ပေးချေကာ ခေါ်ယူရန် ပြင်ဆင်ခဲ့သော်လည်း မန်ယူအသင်းက ပယ်ချခဲ့သည်။
သင့်လျော်သည့်ကမ်းလှမ်းမှုများ လက်ခံရရှိခဲ့သော်လည်း ပြောင်းရွှေ့ကြေးရလိုမှုကြောင့် ရိုမဲရိုးအား လက်မလွှတ်ပေးသည့် မန်ယူအသင်းအား ရိုမဲရိုး၏ဇနီးဖြစ်သူကလည်း Instagram မှတစ်ဆင့် ဝေဖန်ခဲ့သေးသည်။
အသင်း၏ ချန်ပီယံလိဂ်လူစာရင်းတွင် ပါဝင်ခွင့်မရဘဲ ချန်လှပ်ခံခဲ့ရသူ ရိုမဲရိုးကို မန်ယူအသင်းဖော်များက ကရုဏာသက် လျက်ရှိနေကြကြောင်း ESPN က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
