အင်္ဂလန်အသင်း၏ နောက်ခံလူ ထရစ်ပီယာသည် လောင်းကစားမှုစွဲချက်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) ၏ ကြားနာမှုကို တက်ရောက်ခဲ့ရသဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကစားခဲ့သော UEFA Nations League ပွဲစဉ်အင်္ဂလန်-ဒိန်းမတ်ပွဲကို လွဲချော်ခဲ့ကြောင်း သိရသည်။
အက်သလက်တီကိုမက်ဒရစ် နောက်ခံလူ ထရစ်ပီယာသည် ပြီးခဲ့သည့် ၂၀၁၉ ဇူလိုင်လအတွင်းက လောင်းကစားမှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရခြင်းဖြစ်ပြီး FA က ၎င်းအား စွဲချက်တင်ထားသည်။
ထရစ်ပီယာအနေဖြင့် ပြစ်မှုရှိကြောင်း ထင်ရှားပါက (၆)လအထိ ပွဲပယ်ပြစ်ဒဏ်ကျခံရနိုင်ကြောင်း The Athletic သတင်းစာက ဖော်ပြခဲ့သည်။
ထရစ်ပီယာသည် သူ၏သူငယ်ချင်းများနှင့် Whats App တွင် အပြန်အလှန်ပြောဆိုခဲ့ရာမှ ၎င်းလောင်းကစားပြုလုပ်ခဲ့သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထရစ်ပီယာကို FA က ယခုနှစ်မေလကတည်းက စွဲချက်တင်ထားခြင်းဖြစ်ပြီး ၎င်းကမူ လောင်းကစားပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ငြင်းဆန်ပယ်ချထားကြောင်း သိရှိရသည်။
လီဗာပူးလ်အသင်းနှင့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း စတာရစ်ချ် (၃၁ နှစ်)သည် လောင်းကစားပြုလုပ်ခဲ့ကြောင်း တွေ့ရှိခဲ့ရ၍ ယခုနှစ်၊ မတ်လအတွင်း (၄)လပွဲပယ်ပြစ် ဒဏ်ချမှတ်ခံခဲ့ရပြီး လက်ရှိတွင် အသင်းလက်မဲ့ဖြစ်လျက်ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
