မန်ယူအသင်း၏ ပေါ်တူဂီလက် ရွေးစင်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က မန်ယူအသင်းပြိုကွဲရန်အတွက် နည်းပြ၊ အသင်းဖော်များနှင့် မိမိ၏အမည်ကို အသုံးပြုကာ ကြိုးပမ်းနေခြင်းများကို ရပ်တန့်ရန်မီဒီယာများကို သတိပေးပြောကြားခဲ့သည်။
ဘရူနိုဖာနန်ဒက်စ်နှင့် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားတို့သည် အဝတ်လဲခန်းအတွင်း ပြဿနာဖြစ်ပွားခဲ့သည်ဆိုသည့် သတင်းများထွက်ပေါ်နေသည်။
ယင်းသတင်းများနှင့် ပတ်သက်သည့် မေးမြန်းမှုကို ဘရူနိုဖာနန်ဒက်စ်က "ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ထွက်နေပါတယ်။ ပထမဆုံးပြောချင်တာက ဒါဟာ အသင်းဖော်တွေကြားက ဆွေးနွေးမှုဖြစ်ပါတယ်။ ဘာပြဿနာမှ မရှိပါဘူး။ ပြီးတော့ ကျွန်တော်နဲ့ လင်ဒီလော့ဖ်တို့ကြားက ဆွေးနွေးမှု၊ ကျွန်တော်နဲ့ ဆိုးလ်ရှားတို့ကြားက ဆွေးနွေးမှုသာဖြစ်ပါတယ်။ ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော်က အသင်းတစ်သင်းအနေနဲ့ ဒါဟာလို အပ်တယ်လို့ ထင်ပါတယ်။ အပြင်မှာ သတင်းတွေထွက်နေသလိုမဟုတ်ပါဘူး။ ကျွန်တော်က ပထမပိုင်းအပြီးမှာ လူစားအလဲခံရပြီး၊ ဒါဟာ နည်းဗျူဟာပိုင်း ကိစ္စဖြစ်ပါတယ်။ နည်းပြက ကျွန်တော့်ကို ဒီပွဲက ပြီးသလောက်ဖြစ်နေပြီဖြစ်ပြီး ကျွန်တော်တို့ ကစားဖို့ပွဲတွေ အများကြီးကျန်သေးတဲ့အတွက် အနားပေးတာလို့ ပြောပါတယ်။ လက်ခံနိုင်ပါတယ်။ ကျွန်တော် ဒါကို သိပ်မပျော်ပေမယ့် အသင်းကို ဘာမှစိတ်ပျက်အောင်မလုပ်ခဲ့ပါဘူး။ အခု အချိန်မှာ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့အသင်းကို ပြိုလဲဖို့အတွက် ကျွန်တော့်နာမည်ဖြစ်စေ၊ ကျွန်တော်တို့အသင်းဖော်တွေနဲ့ နည်းပြရဲ့နာမည်ကို ဖြစ်စေ အသုံးပြုပြီး ကြိုးပမ်းနေတာကို ရပ်တန့်ဖို့ပါပဲ" ဟု ပြောကြားသွားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
