လီဗာပူးလ်တောင်ပံကစားသမား ရှာကီရီက အသင်းတွင်ဆက်နေရန် မိမိကိုယ်တိုင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်ရရန်အတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၉)နှစ်အရွယ်ရှိ ဆွစ်ဇာလန်တောင်ပံကစားသမား ရှာကီရီသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် လီဗာပူးလ်အသင်းမှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ်ခဲ့သူဖြစ်သည်။
လီဗာပူးလ်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ရှာကီရီက မိမိအနေဖြင့် အသင်းတွင် ဆက်နေရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
ရှာကီရီက "ဘောလုံးလောကမှာ အပြောင်းအရွှေ့သတင်းတွေက အမြဲတမ်းရှိနေသလို၊ ကစားသမားတွေအနေနဲ့လည်း ကိုယ့်အခြေအနေကို ကိုယ် ပြန်သုံးသပ်လေ့ရှိပါတယ်။ ဒါက သဘာဝပါပဲ။ ကျွန်တော်လည်း စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းမှာ ဆက်နေဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပြီး လီဗာပူးလ်အသင်းမှာ နေရာရဖို့ တိုက်ပွဲဝင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။
ရှာကီရီသည် ယခုရာသီတွင် လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပါဝင်ကစားခွင့်မရသေးဘဲ လိဂ်ဖလားပွဲစဉ် (၁)ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ထားပြီး (၁)ဂိုး သွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
