မန်ယူအသင်းနောက်ခံလူ လင်ဒီလော့ဖ်က မိမိတို့အနေဖြင့် ၂၀၂၀-၂၁ ရာသီကို အကောင်းဆုံးစတင်နိုင်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရလဒ်များ ဆိုးရွားနေပြီး နည်းပြ ဆိုးလ်ရှားနှင့် ကစားသမားများမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
လင်ဒီလော့ဖ်က မိမိတို့အသင်းအနေဖြင့် ယခုရာသီတွင် ပုံမှန်ခြေစွမ်းပျောက်နေခြင်းကို နားမလည်နိုင်အောင် ဖြစ်မိကြောင်း ပြောကြားခဲ့သည်။
"ပရီးမီးယားလိဂ်ရာသီသစ်ကို ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့ခြင်းမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ဘာကြောင့် ပုံမှန်ခြေစွမ်းပျောက်နေတယ်ဆိုတာကိုလည်း ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ပြိုင်ပွဲကြောင့် ပွဲတွေအများကြီး ကစားခဲ့ရပြီး အနားယူချိန်လုံလုံလောက်လောက် မရခဲ့ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတာလားတော့ မပြောတတ်ပါဘူး"ဟု လင်ဒီလော့ဖ်က ပြောကြားခဲ့သည်။
ထို့ပြင် လင်ဒီလော့ဖ်က နိုင်ငံကတာပွဲစဉ်များအပြီး ပြန်လည်ကစားမည့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မိမိတို့အနေဖြင့် ခြေစွမ်းပြနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲကစားထားရာတွင် (၁)ပွဲသာ အနိုင်ရထားပြီး (၂)ပွဲ ရှုံးနိမ့်ထားကာ ရမှတ် (၃)မှတ်ဖြင့် အဆင့် (၁၆)နေရာ၌ ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
