အာဆင်နယ်ကွင်းလယ်လူသစ် ပါတေးက မိမိအနေဖြင့် မန်စီးတီးအသင်းနှင့်ကစားမည့်ပွဲတွင် ပါဝင်ကစားရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၇)နှစ်အရွယ်ရှိ ဂါနာကွင်းလယ်လူ ပါတေးသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အက်သလက်တီကိုအသင်းမှ အာဆင်နယ်အသင်းထံသို့ ယူရိုသန်း (၅၀)ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
အာဆင်နယ်အသင်းသည် အောက်တိုဘာ (၁၃)ရက်တွင် ပါတေးအား မိတ်ဆက်ပွဲပြုလုပ်ခဲ့ပြီး ပါတေးက မိမိအနေဖြင့် မန်စီးတီးအသင်းနှင့်ကစားမည့်ပွဲတွင် ပါဝင်ကစားရန် အသင့်ရှိကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
ပါတေးက "ပွဲကြီးပွဲကောင်းတွေ ကစားရတာကို ကျွန်တော် နှစ်သက်ပါတယ်။ ကျွန်တော့်အနေနဲ့ ပွဲကစားဖို့အသင့်ရှိနေပါပြီ။ နည်းပြကသာ ကျွန်တော့်ကို အသုံးပြုမယ်ဆိုရင် ကျွန်တော် ပါဝင်ကစားမှာပါ။ နည်းပြရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော့်အနေနဲ့ ပရီးမီးယားလိဂ်နဲ့ အမြန်ဆုံးအသားကျအောင် သင်ယူသွားမှာပါ"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ပါတေးက မိမိအနေဖြင့် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့လာခြင်းမှာ အသင်းနှင့် ချန်ပီယံဆုဖလားများ ရယူလို၍ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၅)အဖြစ် အောက်တိုဘာ (၁၇)ရက်တွင် မန်စီးတီးအသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
