NLD ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ နာရေးအခမ်းအနားကို မန္တလေးမြို့ခံပြည်သူများစွာ လိုက်ပါပို့ဆောင်နေသည်ကို Facebook လူမှုကွန်ရက်မှတစ်ဆင့်မျှဝေသည့် ရုပ်သံများအရ တွေ့ရသည်။
ယနေ့ အောက်တိုဘာ (၈) ရက် နံနက်(၁၀) နာရီတွင် ဒေါက်တာဇော်မြင့်မောင်၏ ရုပ်အလေ-ာင်းအား ကျွဲဆည်ကန်နေအိမ်မှ တောင်အင်းမြောက်အင်းသုဿာန်သို့ ပို့ဆောင်နေခြင်းဖြစ်ပြီး မန္တလေး မြို့ခံပြည်သူအများအပြားက ဆိုင်ကယ်များ၊ ကားများဖြင့် စီတန်းကာ လိုက်ပါပို့ဆောင်နေသည်ကို တွေ့ရသည်။
ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါ ခံစားနေရသူဖြစ်ပြီး မန္တလေး ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်၌ ကုသနေစဉ် အောက်တိုဘာလ (၇) ရက် နံနက် (၃) နာရီဝန်းကျင်က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
၁၉၉၀ ခုနှစ်မှ တစ်ဆက်တည်း ထောင်ဒဏ် နှစ် (၂၀) ကျော်ချခံခဲ့ရဖူးသူ ဒေါက်တာဇော်မြင့်မောင်သည် ထောင်မှပြန်လွတ်ပြီး ပြင်ပတွင် (၁၀) နှစ်ကျော်နေထိုင်အပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်တွင် ပြန်လည်ဖမ်းဆီးခံရကာ ထောင်ဒဏ် (၂၉) နှစ်ထပ်မံကျခဲ့သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ၎င်း၏ပြစ်ဒဏ်များအားလုံးကို လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
ဒေါက်တာဇော်မြင့်မောင်၏ နာရေးအခမ်းအနားသို့ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်အချို့လည်း လာရောက်ဂါရဝပြုခဲ့သည်ကို တွေ့ရသည်။

















-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
