ယာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းကာ အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံအတွင်း ရေဝင်ရောက်ပြီး ရေနစ်မြုပ်ပျက်စီးခဲ့ရကာ အမြန်ဆုံးပြုပြင်ရန်နှင့် လိုအပ်ပါက ပြည်ပမှ ကျွမ်းကျင်သူများ ငှားရမ်းဆောင်ရွက်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက မှာကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။
ဓာတ်အားပေးစက်ရုံအတွင်း ရေဝင်ရောက်ခဲ့မှု အခြေအနေကို လှည့်လည်ကြည့်ရှုပြီး ဓာတ်အားပေးစက်များ ပျက်စီးမှုကို အမြန်ဆုံးစစ်ဆေးပြီး လိုအပ်သည်များ ပြုပြင်ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်ဝန်ထမ်းများ စုစည်း၍ ဝိုင်းဝန်းကြိုးပမ်းကြရန်နှင့် လိုအပ်ပါက ပြည်ပမှ ကျွမ်းကျင်သူများ ငှားရမ်းဆောင်ရွက်သွားရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း က မှာကြားခဲ့သည်။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပျဉ်းမနားမြို့၏ အရှေ့ဘက် (၂၆) မိုင်ခန့် အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားပြီး တပ်ဆင်အင်အားအနေဖြင့် (၇၀) မဂ္ဂါဝပ် ဓာတ်အားပေးစက် (၂) လုံးဖြင့် စုစုပေါင်း (၁၄၀) မဂ္ဂါဝပ်ကို (၂၃၀) ကေဗွီ အထက်ပေါင်းလောင်း-နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အားကွန်ရက် စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား (၄၅၄) ကီလိုဝပ်နာရီ သန်းခန့်ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
ယာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ တမံအတွင်း ရေဝင်ရောက်မှုများပြားပြီး ရေပိုလွှဲမှ ပေ (၂၀) ကျော် ရေလျှံကျမှုကြောင့် ဓာတ်အားပေး စက်ရုံအတွင်း ရေများ ဝင်ရောက်ခဲ့ရာ ဓာတ်အားပေးစက်များ ရေနစ်မြုပ်ပြီး ပျက်စီးခဲ့ရသဖြင့် ဓာတ်အားထုတ်လုပ်မှုများ ရပ်နားခဲ့ရကြောင်း သိရသည်။
ဓာတ်အားအမြန်ဆုံးပြန်လည်ထုတ်လုပ်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရန် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတို့မှ အင်ဂျင်နီယာများ ပူးပေါင်း၍ ကျွမ်းကျင်ဝန်ထမ်းများဖြင့် အဖွဲ့များခွဲကာ စစ်ဆေးခြင်းနှင့် ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
