နှစ်ချီ၍ကြာနေပြီဖြစ်သော မြန်မာ့ပဋိပက္ခ ကိုအဆုံးသတ်ရေးတွင် အာဆီယံသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ရမည်ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ အာဆီယံသည် ယခုသီတင်းပတ်အတွင်း အဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး ကိုကျင်းပသွားရန်ရှိနေသည်။
“မြန်မာနိုင်ငံ အနေဖြင့် အမြန်ဆုံး ပြန်လည်ငြိမ်းချမ်းစေရေးအတွက် အာဆီယံက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရပါမယ်” ဟု ဘန်ကောက်မြို့တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ပေတုံတန်က ပြောကြားခဲ့သည်။
ပဋိပက္ခဖြေရှင်းနိုင်ရေးအတွက် လာမည့်နှစ် အတွက် အလှည့်ကျ ဥက္ကဌတာဝန်ယူမည်ဖြစ်သော မလေးရှားနိုင်ငံနှင့် သံတမန်နည်းလမ်းအရ ထိုင်းနိုင်ငံက လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် အာဆီယံခေါင်းဆောင်များ၏ နှစ်ပတ်လည်အစည်းအဝေးတွင် ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာရေး ကိုတွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုများဖြစ်ပေါ်လာရန် အကြိမ်ကြိမ်တောင်းဆိုနေသော်လည်း ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် သဘောတူညီချက်ငါးရပ်ဟု သိကြသော အာဆီယံ၏ ငြိမ်းချမ်းရေးကြိုးပမ်းချက်သည် ယခုအချိန်အထိ မဆို စလောက်သောတိုးတက်သာ ရှိခဲ့သည်။
Ref: ယူအက်စ်နူးစ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
