အုတ်တွင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးနှစ်အရွယ် ကလေးငယ်ကို မွေးစားဖခင်က ရေနွေးပူဖြင့်လောင်း၊ လက်သီးဖြင့် ထိုးနှိပ်စက်ပြီး အဓမ္မပြုကျင့်သဖြင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး လိုက်ပါကူညီပေးနေသည့် Save The Trees Rescue Team အဖွဲ့မှ ကိုကျော်သူရက ပြောကြားသည်။
“အမှုဖွင့်ထားတယ်။ အခုတော့ ကလေးငယ်နဲ့ ပတ်သက်ပြီး ဆေးစစ်ချက်ယူနေပါတယ်။ ဆေးစစ်ချက်ပေါ်မူတည်ပြီး ဘယ်ပုဒ်မနဲ့ အမှုဖွင့်မလဲဆိုတာ လုပ်ထုံးလုပ်နည်းတွေအရ ဆက်လုပ်သွားမှာပေါ့။ လောလောဆယ်တော့ စခန်းမှာ တိုင်ချက်ဖွင့်ထားတယ်။ ပုဒ်မတော့ ဘာနဲ့စွဲမလဲဆိုတာ မသိသေးဘူးပေ့ါ” ဟု ကိုကျော်သူရက စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။
ဖြစ်စဉ်မှာ အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စုရှိ ရွာတရွာတွင် တင်ဇော်ဝင်းဆိုသူက ငါးနှစ်အရွယ် ကလေးငယ်ကို မွေးစားခဲ့ကြောင်း၊ ကလေးငယ်၏ မိဘအရင်းမှာ ကွဲကွာနေပြီး အဖိုးအဖွားများက စောင့်ရှောက်ခဲ့ကြောင်း၊ ဆင်းရဲသဖြင့် ကလေးငယ်ကို စောင့်ရှောက်ရန် မတတ်နိုင်သဖြင့် တစ်ရွာတည်းနေသူ တင်ဇော်ဝင်းနှင့် ဇနီးဖြစ်သူတို့က မွေးစားခဲ့ကြောင်း သိရသည်။
တစ်နှစ်ခန့်အကြာတွင် ကလေးငယ်မှာ ဦးနှောက်တွင် ငှက်ဖျားပိုးဝင်သည်ဟုဆိုကာ တောင်ငူဆေးရုံသို့ မွေးစားမိဘများက ပို့ဆောင်ခဲ့ကြောင်း၊ ဆေးရုံမှ ဆင်းလာချိန်တွင် ကလေးငယ်ကို အဖိုးဖြစ်သူကဒဏ်ရာများနှင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း ကိုကျော်သူရက ပြောကြားသည်။
“ကလေးဆေးရုံကဆင်းလာတဲ့အချိန် အဖိုးအဖွားတွေ တွေ့လိုက်ရတာက အရိုးပေါ်အရေတင် ဗိုက်ပူနံကား ဒဏ်ရာဗလပွနဲ့ပါ။ ကလေးရောဂါကိုတော့ မိသားစုက ဆေးမီးတိုနဲ့ ဆက်ကုပါတယ်။ ကလေးညအိပ်တော့ မိန်းမကိုယ်ကအောင့်တယ် ပြောလို့ကြည့်တော့ ရောင်ကိုင်းနေတာကိုတွေ့တယ်။ ဆက်မေးတော့ မွေးစားအဖေက အိမ်မှာတခါ တောထဲမှာတခါ လုပ်တယ်ပြောပါတယ်။ ထမင်းခိုးစားလို့ဆိုပြီး မျက်နှာကို ဓားနဲ့ခုတ်တယ်။ ပါးစပ်ထဲကို ရေနွေးပူလောင်းထည့်တယ်။ လက်ကို မီးနဲ့ရှို့တယ်။ ထမင်းအငတ်ထားတယ်။ မျက်နှာကိုလက်သီးနဲ့ထိုးလို့ သွားတွေကျိုးပြီးသွားဖုံးတွေကွဲသွားတယ်” ဟု ကိုကျော်သူရက သူ၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
ယင်းနောက် အဖိုးဖြစ်သူမှာ သက်ဆိုင်ရာကို တိုင်ကြားရန် မြို့ပေါ်သို့ မြေးအဖိုးနှစ်ဦး အတူလာရောက်ခဲ့ကြောင်း၊ မိတ်ဆွေတစ်ဦးထံ အကူအညီတောင်းရန် လာရောက်စဉ် မိုးချုပ်သွားသဖြင့် Save The Trees Rescue Team အဖွဲ့ရုံးသို့ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူက ပို့ဆောင်ပေးခဲ့ကြောင်း၊ လတ်တလောတွင် မြေးအဖိုးနှစ်ဦးကို ကူညီစောင့်ရှောက်ထားကြောင်း၊ ကျူးလွန်သူ တင်ဇော်ဝင်းဆိုသူကို သက်ဆိုင်ရာက ဖမ်းဆီးထားကြောင်း သိရသည်။
“ကလေးငယ်က စိတ်ဒဏ်ရာတွေ ကိုယ်ဒဏ်ရာတွေရှိတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ စောင့်ရှောက်ထားတယ်။ သူတို့အတွက်လည်း အကူအညီတွေလိုအပ်နေတယ်” ဟု ကိုကျော်သူရက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
