ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကက်သလစ်သီလရှင်လေးများ၏ ဘိုးဘွားရိပ်သာအမိုးပေါ်ရှိ ဆိုလာပြားမီးလောင်ကျွမ်းခဲ့မှု ယနေ့ အောက်တိုဘာ ၈ ရက်နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်မြောက်ရပ်ကွက် ၊ ဒေါ်သိန်းတင်လမ်းနှင့်သိမ်ဖြူလမ်းထောင့်ရှိ ကက်သလစ်သီလရှင်လေးများ၏ ဘိုးဘွားရိပ်သာအမိုးပေါ်တွင် တပ်ဆင်ထားသည့် ဆိုလာပြားမီးလောင်ကျွမ်းမှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်း၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
” ကက်သလစ်သီလရှင်လေးတွေရဲ့ ဘိုးဘွားရိပ်သာမှာ မီးလောင်နေတယ်သတင်းရတာနဲ့ချက်ခြင်းသွားရောက်မီးငြှိမ်းသတ်ပေးခဲ့ပါတယ်။ အမိုးပေါ်မှာတင်ထားတဲ့ ဆိုလာပြားတစ်ချပ်မီးလောင်တာပါ။ အမိုးအောက်ခြေကိုလည်း မီးနည်းနည်းလောင်သွားတယ်။ ပျက်စီးမှုကတော့သိပ်မရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များ၏ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၁၀ နာရီ ၃၃ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။






-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
