အာဖရိကနိုင်ငံများ ပြည်တွင်းဖူလုံမှုအတွက် မြန်မာနိုင်ငံတွင် ဆန်စပါး လာရောက်စိုက်ပျိုး၍ ရင်းနှီးမြှုပ်နှံရန် (၁၄) ကြိမ်မြောက် ဥရောပ-အာဖရိက ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ မြန်မာသံအမတ်ကြီးက ဖိတ်ခေါ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် အောက်တိုဘာ(၃)ရက်နှင့် (၄)ရက်ထိ (၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့သော ယင်းဖိုရမ်၌ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်က မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ရှင်းလင်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဆန်တင်ပို့မှု ပဉ္စမမြောက်အများဆုံး နိုင်ငံဖြစ်ခဲ့ကြောင်း၊ ဥရောပတွင် ဘယ်လ်ဂျီယံနိုင်ငံသည် မြန်မာ့ဆန်ကို အများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့ဆန်ကို အာဖရိက နိုင်ငံများအနက် တိုဂို၊ ဘူကီနာဖာဆို၊ မိုဇမ်ဘစ်၊ ကင်ညာ၊ လိုက်ဘေးရီးယား၊ ကို့ဒီဗွား (အိုင်ဗရီကို့စ်)၊ ဆီနီဂေါ၊ အင်ဂိုလာ၊ ဂါနာ၊ နိုင်ဂျီးရီးယား၊ တောင်အာဖရိကနှင့် ကင်မရွန်းစသည့် နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း မြန်မာသံအမတ်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။
ထို့ကြောင့် အာဖရိကနိုင်ငံများအနေဖြင့် ပြည်တွင်းဖူလုံမှုအတွက် မြန်မာနိုင်ငံ၌ ဆန်စပါး လာရောက်စိုက်ပျိုး၍ ရင်းနှီးမြှုပ်နှံသည့် Contract Farming များကို ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ဖိတ်ခေါ်ပါကြောင်းထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘဏ္ဍာနှစ်အတွင်း တောင်အာဖရိကနိုင်ငံသို့ ရေထွက်ပစ္စည်း မက်ထရစ်တန်ချိန် (၇၀၀)ကျော် တင်ပို့ခဲ့ကြောင်း၊ သို့ဖြစ်ရာ အာဖရိကနိုင်ငံများသို့ ရေချိုငါး အပါအဝင် မြန်မာနိုင်ငံ၏ ရေထွက်ကုန်စည်များ တင်ပို့မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် လိုလားပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
မြန်မာသံအမတ်ကြီးသည် ဖိုရမ်တွင် မြန်မာနိုင်ငံ၏ ပါဝင်တက်ရောက်မှုနှင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် စီးပွားရေးကဏ္ဍများနှင့် ပတ်သက်၍ OACPS အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုသတိပြုမိစေရန် ရည်ရွယ်၍ ဖိုရမ်မကျင်းပမီ အောက်တိုဘာ (၂)ရက်တွင် Credassur Group ၏ ဥက္ကဋ္ဌ Ms. Esther Misheng Mbidi ၏ တွေ့ဆုံမေးမြန်းမှုကို မြန်မာသံရုံး၌ လက်ခံဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါဖိုရမ်တွင် မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့ကလည်း မြန်မာနိုင်ငံမှ ထွက်ရှိသော ဆန်နမူနာများ၊ ယွန်းထည်၊ ကျောက်စိမ်းနှင့် ချည်ထည်လက်မှုပစ္စည်းများ၊ ကမ္ဘာလှည့် ခရီးသည်များ လာရောက်လည်ပတ်နိုင်မှု၊ ကုန်သွယ်မှုနှင့် ရင်း နှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များကို ပြခန်းဖြင့် ပါဝင်ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
