ရေဘေးကြောင့် ပျက်စီးခဲ့သည့် စိုက်ပျိုးမြေများအတွက်အရင်းမပျောက်မတည်ငွေအဖြစ်
ကျပ်သိန်း (၁၂၅၀၀) ထည့်ဝင်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးချုပ်အသင်းမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ညီနောင်များဖြစ်သည့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့်အသင်းဝင်ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်လှူဒါန်းမှုတို့ဖြင့် ရေဘေးသင့်ဒေသများတွင်ထိခိုက်/ပျက်စီးသော စိုက်ပျိုးရေးလုပ်ငန်းများနှင့် တောင်သူလယ်သမားများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာအစီအစဉ်များ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအစီအစဉ်များအရ ဆန်အိတ်များလှူဒါန်းခြင်း၊ မျိုးစပါးများလှူဒါန်းခြင်း၊ ဓာတ်မြေဩဇာများလှူဒါန်းခြင်း အစီအစဉ်များအတွက် လှူဒါန်းငွေကျပ် သိန်း(၅၀၀၀) ကိုလည်းကောင်း၊ ပြန်လည်စိုက်ပျိုးနိုင်ရေး အတိုးမဲ့ချေးငွေ ထုတ်ပေးနိုင်ရန်အတွက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှတဆင့် အရင်းမပျောက်မတည်ငွေအဖြစ် ကျပ်သိန်း (၁၂၅၀၀) ကိုလည်းကောင်း ထည့်ဝင်ဆောင်ရွက်ထားရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လယ်ယာစိုက်ပျိုးရေးနှင့်ဆက်စပ်သော ပြန်လည်ထူထောင်ရေးအစီအစဉ်များတွင် နိုင်ငံတော်အစိုးရဌာနများ/အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံမှုများကြောင့် နေပြည်တော်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းရှိ စိုက်ပျိုးမြေများအနက် သီးနှံစိုက်ဧကပေါင်း (၇)သိန်းခွဲကျော် ရေနစ်မြုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
