ကမ်းခြေစောင့်တပ်ဖွဲ့ကို ရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာ၊ လူ့စွမ်းအားများကို တိုး ချဲ့သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
အမှတ် (၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ) ၌ အောက်တိုဘာ ၆ ရက်က ကျင်းပသည့် မြန်မာနိုင်ငံတော် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် တည်ထောင်ခြင်း (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်နှင့် ရေကြောင်းဆိုင်ရာအကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်း လုံခြုံရေးအား ကာကွယ်စောင့်ရှောက်ရန် အတွက် ၄၈ မီတာ အမြန်သွားကင်းလှည့်ရေယာဉ်လေးစင်း တပ်တော်ဝင်ခြင်း အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ်းခြေစောင့်တပ်ဖွဲ့အနေ ဖြင့် ယခုကဲ့သို့များပြားသည့် ရေကြောင်းဆိုင်ရာတာဝန်များကို ထမ်းဆောင်နိုင်ရေး နှစ်စဉ် တိုးချဲ့ဖွဲ့စည်းပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ရေမိုင် ၁၃၀၀ ခန့်ရှိသည့် ကမ်းရိုးတန်း၊ ကျွန်းပေါင်း ၁၄၀၀ ရှိပြီး ရေပြင်နယ်နိမိတ် စတုရန်းရေမိုင် ၁၄၃၁၁၀ ဒသမ ၇၂ ရှိသည့် မိမိတို့နိုင်ငံအတွက် ကမ်းခြေစောင့်တပ်ဖွဲ့ကို ယခုထက်များစွာသော ရေယာဉ်၊ လက်နက်ပစ္စည်း ကိရိယာ၊ လူ့စွမ်းအားများကို တိုးချဲ့သွားရဦးမည်ဖြစ်ကြောင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့သည် နိုင်ငံတ ကာအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရ သကဲ့သို့ ပင်လယ်ပြင်တွင်လည်း ပြည်တွင်း၊ ပြည်ပက ကုန်သွယ်ရေယာဉ်များကို စစ်ဆေး ကြပ်မတ်ရခြင်းဖြစ်သည့်အတွက် ရေကြောင်းဆိုင်ရာ ဥပဒေများ၊ နိုင်ငံတကာဥပဒေများ၊ IMO Regulation များ၊ မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားသည့် Convention များ၊ Treaty များကို ကောင်းမွန်စွာ သိရှိနားလည်ပြီး မိမိနိုင်ငံအကျိုးစီးပွားအတွက် ထိထိ ရောက်ရောက် အသုံးချနိုင်ရမည်ဖြစ်သကဲ့သို့ အဆိုပါဥပဒေများနှင့်အညီ ကမ်းခြေစောင့် တပ်ဖွဲ့၏ တာဝန်များကို ထမ်းဆောင်နိုင်ရန်လည်း လိုအပ်ကြောင်း ပြောကြားသည်။
ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ နိုင်ငံတကာရေကြောင်း အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံ ရာတွင် White Hull Diplomacy ကို ထိထိရောက်ရောက် ကျင့်သုံးလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ အဖြူ ရောင်ကိုယ်ထည် သံခင်းတမန်ခင်း (White Hull Diplomacy) ဆိုသည်မှာ အဖြူရောင်ရေ ယာဉ်များကို အသုံးပြု တာဝန်ထမ်းဆောင်ကြသည့် ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် သံခင်းတမန်ခင်းကဲ့သို့သော ငြိမ်းချမ်းစွာ ထိတွေ့ဆက်ဆံခြင်း၊ လူသားချင်းစာနာ အကူအညီပေးခြင်းနှင့် ရေကြောင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် အတူတကွ ပူးပေါင်းဆက်ဆံဆောင်ရွက်ခြင်းတို့ကို ဆိုလိုခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် ကမ်းခြေစောင့်တပ်ဖွဲ့များသည် စစ်ရေးနှင့်မသက်ဆိုင်သည့် ပင်လယ်ရေကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေကြောင်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်း၊ ပင်လယ်ဓားပြရန် ကာကွယ်တားဆီးနှိမ်နင်းခြင်းစသည့် အရပ်သားပြည်သူလူထုများကို စောင့် ရှောက်ကာကွယ်ခြင်းနည်းလမ်းများကို အခြေခံသည့် Civilian Oriented လူမှုဝန်ထမ်း တပ်ဖွဲ့တစ်ခုအသွင် တာဝန်ထမ်းဆောင်ရခြင်းပင်ဖြစ်ကြောင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပြည်သူလူထုကို အကူအညီပေးရန် လူ မှုဝန်ထမ်းအခြေပြုတပ်ဖွဲ့ Civilian Oriented Troop တစ်ခုဖြစ်ခြင်းကြောင့် ပင်လယ်ရေကြောင်း အသုံးပြုသူ Mariners များကို ကူညီကယ်ဆယ်ရန်နှင့် အရပ်ဘက်ရေကြောင်း အာဏာပိုင်များ၊ အဖွဲ့အစည်းများ၊ Agency များ၏ လုပ်ငန်းရပ်များကို ပံ့ပိုးကူညီရန် လိုအပ်ကြောင်း၊ အထူးသဖြင့် သဘာဝဘေးအန္တရာယ်၊ အရေးပေါ်အခြေအနေ သို့မဟုတ် ရေကြောင်းနှင့်ပတ်သက်သည့် အရေးကိစ္စများ၊ အငြင်းပွားမှုများတွင် ပြည်သူလူထုအတွက် ၀ိုင်းဝန်းဖြေရှင်းဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်သည့်အခါ အရပ်သားပြည်သူလူထုများနှင့် အနီးကပ်ထိတွေ့ပြီး အခက်အခဲကာလများတွင် ပြည်သူလူထုဘဝ လုံခြုံစိတ်ချရန်နှင့် တရားဥပဒေစိုးမိုးရန်ကို လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် Public Relations အပိုင်းတွင်လည်း ကျွမ်းကျင်နေရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်၏ရေကြောင်း အကျိုးစီးပွားများ (Maritime Interests)၊ ရေကြောင်းအရင်းအမြစ်များ (Marine Resources)ကို ထိန်းသိမ်းစောင့်ရှောက်ရသူများ ဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံတကာရေကြောင်း အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံပြီး ပြည် တွင်းရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သတ်မှတ်လုပ်ငန်း တာဝန်များအား ကျေပွန်အောင် ထမ်းဆောင်သွားကြရန်၊ ကမ်းခြေစောင့်တပ်ဖွဲ့၏ ဆောင်ပုဒ်ဖြစ်သည့် “စောင့်ရှောက်ကာကွယ် ဒို့ပင်လယ်” ဆောင်ပုဒ်အတိုင်း မြန်မာ့ပင်လယ်နှင့်ပင်လယ်ပြင် သယံဇာတ အကျိုးစီးပွားများကို စောင့်ရှောက် ကာကွယ်နိုင်စွမ်းရှိသော၊ စွမ်းရည်ရှိသော၊ နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ရင်ဘောင်တန်းနိုင်သော တပ်ဖွဲ့တစ်ခုအဖြစ် ကြိုးပမ်းတည်ဆောက်သွားကြရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
